ဆုတောင်းခြင်း


ကမ္ဘာပေါ်မှာရှိတဲ့ လူသားအတော်များများ ဆုတောင်းကြတယ်။


သင်ကောဆုတောင်းပါသလား။ သတင်းကောင်းတခုရှိတယ်။


သင့်ရဲ့ဆုတောင်းမှုကို နားထောင်ပြီး အမှန်တကယ်ပြင်ဆင်ဖြည့်ဆည်းပေးမယ် အသက်ရှင်သော တန်ခိုးရှင်၊ ဘုရားရှင်တစ်ပါး ရှိနေတာကိုပေါ့။


လူအတော်များများဟာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ စိတ်ပျက်စရာကိစ္စတွေ၊ မနိုင်ဝန်တွေကို ထမ်းလာရသောအခါများ၊ မိသားစုရေးရာ၊ စီးပွားရေးရာ၊ လူမှုရေးရာ စသောမိမိမတတ်နိုင်သော အရေးကိစ္စများကို ရင်ဆိုင်ကြုံတွေ့လာသောအခါများတွင် ထွက်ပေါက်ရှာတတ်ကြတယ်။


ထွက်ပေါက်အနေနဲ့ တချို့က အရက်သေစာဖြင့် အဆင်ပြေနိုင်မလားဆိုပြီး သုံးစွဲတယ်။ တချို့ကျ မိမိကိုကူနိုင်မည့်သူကို ရှာဖွေကြတယ်။ တချို့ကျ မိမိကိုယ်ကို လောကကြီးမှ အပြီးထွက်သွားစေတဲ့ နည်းလမ်းတွေကိုသုံးကြတယ်။


"အကောင်းဆုံး ဖြေရှင်းနည်းကတော့ ဘုရားထံဆုတောင်းခြင်းပါပဲ"


ဘုရားထံဆုတောင်းတာတော့ ဟုတ်ပါပြီ၊ အသက်ရှင်ပြီး အမှန်တကယ် ပြင်ဆင်ပေးနိုင်တဲ့ ဘုရားကို ဆုမတောင်းသင့်ဘူးလား။


အသက်ရှင်ပြီး အမှန်တကယ်လည်း လူသားတို့ရဲ့ တင်ပြဆုတောင်းလာသော အပူအပင်များ၊ စိတ်အဆင်မပြေမှုများ၊ ဝမ်းနည်းကြေကွဲနာကျင်ဖွယ်ရာများကို ကူညီထောက်ပံ့ဖြေရှင်းပေးနေသော ယေရှုခရစတော်ဘုရားရှိပါတယ်။ သူသည် ထာ၀စဉ်အသက်ရှင်နေတော်မူပြီး လူသားများ၏ကူမနေတော်မူပါတယ်။


လူသားတွေ သူ့ကိုဘယ်လိုဆုတောင်းရမလဲ၊ ဆုတောင်းရင်ကောပြည့်မှာလား စသည့်အချက်များကို   သိရှိလိုပါက.. 


"ဆက်လက်လေ့လာမယ်"ကိုနှိပ်ပေးလိုက်ပါ။

ဆက်လက်လေ့လာမည်

ဝေမျှလိုက်ပါ