ကျွန်တော်ဟာ ယေရှုဘုရားကို ကယ်တင်ရှင်အဖြစ်ယုံကြည်တဲ့သူတစ်ဦးဖြစ်ပါတယ်။ လောကတွင်နေထိုင်စဉ် ရင်ဆိုင်ခံစားလာရသော ဆင်းရဲဒုက္ခတွေကို ကြုံတွေ့ခံစားလာရသောအခါများတွင် အောက်ပါအတိုင်း ဖြေရှင်းသလို၊ အမှန်တကယ်လည်း အောင်မြင်စွာ ဖြတ်သန်းနိုင်သွားပါတယ်။
၁။ဒုက္ခဆင်းရဲတွေ ကြုံဆုံလာရပြီဆိုလျှင် ဦးစွာ ဘုရားသခင်မှ မိမိအကြောင်းကို သိနေတယ်။ မိမိခံစားနေရသော အကြောင်းအရာများကိုလည်း သိနေပါတယ်။ မိမိနဲ့အတူလည်းရှိနေတယ်။ မိမိကိုလည်းကူညီဖို့ ရှိနေတယ် ဆိုတာကို ပြန်လည်သတိပြုပါတယ်။
၂။သမ္မာကျမ်းစာကိုလည်း စိတ်ပါဝင်စားစွာ ဖတ်ရှုဆင်ခြင်အောက်မေ့လျှောက်လှမ်းပါတယ်။အထူးသဖြင့် ဒုက္ခဆင်းရဲခံရမှုတွေကို ကြုံတွေလာခဲ့မှုများကို ဘုရားသခင် ကူညီပေးသောအကြောင်းတွေကို ပိုပြီးဖတ်ရှုဆင်ခြင်ပါတယ်။
၃။ဓမ္မဆရာ၊မများနှင့်လည်းတိုင်ပင်ပြီး၊၎င်းတို့သွန်သင်ပေးသောသမ္မာကျမ်းစာရှိတရားတော်များ၊၎င်းတို့၏ဘုရားသခင်ထံဆုတောင်းပေးမှုများကို လိုက်နာခံယူပါတယ်။
၄။မိမိကိုယ်တိုင်ယေရှုဘုရားထံကို ကြုံတွေ့ခံစားနေရသော ဒုက္ခဆင်းရဲခံစားရမှုတွေကို ကူညီဖြေရှင်းပေးဖို့ဆုတောင်းပါတယ်။ စာဖတ်သူမိတ်ဆွေလည်း ယေရှုဘုရားထံ ဆုတောင်းနိုင်ပါတယ်။ ယေရှုဘုရားက စာဖတ်သူကို ချစ်တဲ့ဘုရားပါ။ မေတ္တာထားတဲ့ဘုရားပါ။
စာဖတ်သူရဲ့ဆုတောင်းမှုကိုလည်းကြားချင်လျက် အဖြေပေးကူညီပေးမယ့်ဘုရားသခင်ပါ။
ယေရှုဘုရားထံကို ဆုတောင်းလိုပါသလား။ ဆုတောင်းလိုပါက ဒီလိုဆုတောင်းလိုက်ကြရအောင်။
