စိုးရိမ်ကြောင့်ကြခြင်းဆိုတာ ပြဿနာတစ်မျိုးတည်းကြောင့်လို့ ယူဆလို့ မရနိုင်ပါ။ ညှင်းပန်းနှိပ်စက်မှုတွေ နေ့စဉ်ဖြစ်နေတဲ့အချိန်အခါမျိုးမှာဆိုရင်


• ပတ်ဝန်းကျင်မှာ တကယ်ဖြစ်နေတာကိုမြင်ပြီး မိမိအလှည့်လဲ မကြာခင် ရောက်ရှိနေတော့မှာပဲလို့ ကြိုတင်သောကရောက်ခြင်း၊


• ကြိုတင်ကာကွယ်ရန် အဖွဲ့အလိုက် ချမှတ်ထားတဲ့ အစီစဉ်များကို တစ်စုံတစ်ဦးမှ ဖျက်စီးလိုက်မည်ကို စိတ်ပူခြင်း၊


• မဟုတ်မမှန်သတင်းများကြောင့် စိုးရိမ်မှုလွန်ကဲခြင်း အစရှိတဲ့ အကြောင်းအရာများကြောင့် စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်လာရပါတယ်။


ဒီ့အပြင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ကဏ္ဍတွေမှာလည်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုများကြောင့်လည်း စိုးရိမ်မှု ကြီးကြီးမားမားတွေ ရှိနိုင်ပါတယ်။ ကျွန်ုပ်တို့ကိုယ်ကို မေးမြန်းသင့်တဲ့ မေးခွန်းတွေကတော့


• အထီးကျန်သလို ခံစားရနေပြီလား


• ဘာဖြစ်လို့ စိုးရိမ်နေတာလဲ


• ဘယ်လောက်ထိတောင် ဆိုးရွားသွားနိုင်မလဲ


• စိုးရိမ်မှုမဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲ


ဘယ်သူကူညီပေးနိုင်မလဲဆိုတာလေးကို ဆက်လက်ရှာဖွေကြည့်လိုက်ရအောင်။

လေ့လာမည်

ဝေမျှလိုက်ပါ