ဒီနေရာမှာတော့... ဘုရားသခင်ထံကိုမိမိမှာရှိနေသော စိတ်ခံစားနေရမှုတွေ၊ အဆင်မပြေဖြစ်နေမှုတွေ၊ ကြေကွဲနေရမှုတွေ ဝန်ထုတ်ဝန်ပိုးတွေကို ပုံအပ်ပြီးဆုတောင်းနိုင်တာကိုဖေါ်ပြပေးချင်ပါတယ်။
ဘာလို့ဆိုဘုရားသခင်တတ်နိုင်လို့ပါ။ဘုရားသခင်ပြင်ဆင်ပေးမှာမလို့ပါ။ ဘုရားသခင်ထံဆုတောင်းလိုပါသလားနော်။
ဆုတောင်းလိုပါက အောက်ပါအတိုင်း ဆုတောင်းနိုင်ပါတယ်။
"လူသားများကိုဖန်ဆင်းပြီးအသက်ရှင်လျက်၊လူသားများကိုမစကူညီပေးနေတော်မူသောဘုရားသခင်၊ကျွန်တော်၊မအခုခံစားနေရသော မသက်မသာခံစားမှုများ၊ ဝန်ထုတ်ဝန်ပိုးတွေနဲ့ဘုရားသခင်ထံဝင်လာပါတယ်။
ဘုရားသခင်ကလူသားတို့ရဲ့အခက်အခဲတွေကို မစပေးနေတယ်ဆိုတာကိုကြားခဲ့ရသလို၊ ယုံကြည်သောကြောင့် ကျွန်တော်၊မရဲ့ခက်ခဲစွာဖြတ်သန်းနေရမှုများကိုလည်း ဖြေရှင်းကူညီမစပေးဖို့ လာရောက်ဆုတောင်းပုံအပ်တာဖြစ်ပါတယ်။
ကျွန်တော်၊မ၏အခက်အခဲ၊ပြဿနာစိန်ခေါ်မှုများကိုကူညီမစဖြေရှင်းပေးတော်မူပါ။ဘုရားသခင်ဖြေရှင်းပေးနိုင်တာကိုယုံကြည်လျက်ဆုတောင်းလိုက်ပါတယ်။အာမင်"
ကျွန်ုပ်တို့နဲ့ ဆက်သွယ်နိုင်ပါပြီ
