ဒီနေရာမှာတော့... ဘုရားသခင်ထံကိုမိမိဖြစ်ချင်သော မိမိတည်ဆောက်ချင်သော၊မိမိကြုံတွေ့နေရသော အဆင်မပြေဖြစ်နေမှုတွေ၊ ကြေကွဲနေရမှုတွေ
ဝန်ထုတ်ဝန်ပိုးတွေကို ပုံအပ်ပြီးဆုတောင်းနိုင်တာကိုဖေါ်ပြပေးချင်ပါတယ်။
ဘာလို့ဆိုဘုရားသခင်တတ်နိုင်လို့ပါ။ဘုရားသခင်ပြင်ဆင်ပေးမှာမလို့ပါ။ ဘုရားသခင်ထံဆုတောင်းလိုပါသလားနော်။
ဆုတောင်းလိုပါက အောက်ပါအတိုင်း ဆုတောင်းနိုင်ပါတယ်။
"လူသားများကိုဖန်ဆင်းပြီးအသက်ရှင်လျက်၊လူသားများကိုမစကူညီပေးနေတော်မူသောဘုရားသခင်၊ကျွန်တော်၊မသည် ချစ်ခြင်းမေတ္တာကို အကောင်းဆုံးတည်ဆောက်သွားချင်ပါတယ်။
ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာလည်း ဖြစ်တော်မူတယ်လို့ ကြားရပါတယ်။ ချစ်ခြင်းမေတ္တာတည်ဆောက်ခြင်း ပျက်ပြယ်စေဖို့၊ မတည်မြဲစေဖို့ ဖြစ်စေနိုင်သော အခက်အခဲများ၊ အဆင်မပြေစေမှုများကို ကျော်ဖြတ်လျက် အကောင်းဆုံးဆက်လည် တည်ဆောက်သွားနိုင်စေဖို့ ကူညီမစပေးတော်မူပါ။
ဘုရားသခင်ကလူသားတို့ရဲ့အခက်အခဲတွေကို မစပေးနေတယ်ဆိုတာကိုကြားခဲ့ရသလို၊ ယုံကြည်သောကြောင့် ကျွန်တော်၊မ၏ ဖြစ်လိုသောဆန္ဒ၊ တည်ဆောက်မှုတွေကို ဖြေရှင်းကူညီမစပေးဖို့ လာရောက်ဆုတောင်းပုံအပ်တာဖြစ်ပါတယ်။
ကျွန်တော်၊မ၏အခက်အခဲ၊ပြဿနာစိန်ခေါ်မှုများကိုကူညီမစဖြေရှင်းပေးတော်မူပါ။
ဘုရားသခင်ဖြေရှင်းပေးနိုင်တာကိုယုံကြည်လျက်ဆုတောင်းလိုက်ပါတယ်။အာမင်"
ကျွန်ုပ်တို့နဲ့ ဆက်သွယ်နိုင်ပါပြီ
