ဒီနေရာမှာတေ့... ဘုရားသခင်ထံကိုမိမိဖြစ်ချင်သော၊ မိမိစိုးရိမ်နေသော၊ မိမိခံနိုင်ရည်အားမရှိနေမှု၊ အားနည်းနေမှုတွေကို ပုံအပ်ပြီးဆုတောင်းနိုင်တာကိုဖေါ်ပြပေးချင်ပါတယ်။ ဘာလို့ဆိုဘုရားသခင်တတ်နိုင်လို့ပါ။ဘုရားသခင်ပြင်ဆင်ပေးမှာမလို့ပါ။
ဘုရားသခင်ထံဆုတောင်းလိုပါသလားနော်။ ဆုတောင်းလိုပါက အောက်ပါအတိုင်း ဆုတောင်းနိုင်ပါတယ်။
"အသက်ရှင်တော်ပြီး လူသားများကိုဖန်ဆင်းလျက်၊ လူသားများကိုမစကူညီပေးနေတော်မူသောဘုရားသခင်၊ကျွန်တော်၊မသည် ခံနိုင်ရည်အားနည်းစွာဖြင့် အနာဂတ်ကို မည်ကဲ့သို့ ဖြတ်သန်းရမလဲဆိုတာကို တွေးပူပြီး ကြောက်ရွံ့နေပါတယ်။ ဘယ်လိုလုပ်ရမလည်းဆိုတာကိုလည်း မသိဖြစ်နေပါတယ်။
ခံနိုင်ရည်လည်းကုန်ဆုံးနေလုဖြစ်နေပါပြီ။ အောင်မြင်စွာ ဖြတ်သန်းသွားချင်ပါတယ်။ ဘုရားသခင်က လူသားတို့ကို ကူညီမစတော်မူတယ်ဆိုတာကို ကြားရပါတယ်။ ယခုလို ခံနိုင်ရည်ခွန်အားနည်းနေမှုတွေထဲကနေ အကောင်းဆုံးကျော်ဖြတ်သွားနိုင်စေဖို့ ကူညီမစပေးတော်မူပါ။
ဘုရားသခင်ကလူသားတို့ရဲ့အခက်အခဲတွေကို မစပေးနေတယ်ဆိုတာကိုကြားခဲ့ရသလို၊ အမှန်တကယ်လည်း ယုံကြည်သောကြောင့် ကျွန်တော်၊မ၏ ခံနိုင်ရည်အားအင်နည်းနေမှုတွေ၊ ရုတ်လျော့နေမှုတွေကို ဖြေရှင်းကူညီမစပေးဖို့ လာရောက်ဆုတောင်းပုံအပ်တာဖြစ်ပါတယ်။
ကျွန်တော်၊မ၏အခက်အခဲ၊ပြဿနာစိန်ခေါ်မှုများကိုကူညီမစဖြေရှင်းပေးတော်မူပါ။ဘုရားသခင်ဖြေရှင်းပေးနိုင်တာကိုယုံကြည်လျက်
ဆုတောင်းလိုက်ပါတယ်။အာမင်"
ဆက်လက်ပြီး ကျွန်တော်တို့နဲ့ဆက်လက်စကားပြောနိုင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။
