သင့်အတွက်

သင့်ရဲ့ ဘေးပတ်ဝန်းကျင်က လူတွေကနေ ပေးတဲ့ အဖြေတွေထက် ပိုပြီး ထိရောက်တဲ့ အကြံဉာဏ်ကို သင့်အတွက် ပေးသွားမှာ ဖြစ်ပါတယ်။


ရုပ်ဝတ္ထုပိုင်းဆိုင်ရာကို ထိထိရောက်ရောက် ဖော်ပြထားတဲ့ ကျမ်းစာပါ ကျမ်းချက်တွေကို ဖတ်ရှုကြည့်ရအောင်။


 “စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျင်းမပါဘဲ ထွက်လာသကဲ့သို့၊ ထိုနည်းတူ ပြန်သွားရမည်” ဒေသနာကျမ်း ၅း၁၅

လူ့ဘဝထဲကို ဘာမှမပါဘဲ မွေးဖွားလာသလို တနေ့ ကမ္ဘာကြီးကနေ ထွက်ခွာသွားရတဲ့အချိန်မှာလည်း ကျွန်ုပ်တို့ ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာအကုန်လုံးကို ချန်ထားခဲ့ရတာ ဖြစ်ပါတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကို လေ့လာကြည့်ရအောင်။ “ရတတ်သောသူ၏ စည်းစိမ်မကား၊ စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏” ဒေသနာကျမ်း ၅း၁၁ ကျွန်ုပ်တို့နဲ့ သတိမထားမိခဲ့တာက ကိုယ့်မှာပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေက ကျွန်ုပ်တို့ကို ကာကွယ်မှု မပေးနိုင်တဲ့အပြင် အမြဲ စိတ်ပူပန်မှုကိုသာ ပေးဆောင်နေတယ်ဆိုတာကို ခုဖတ်ရှုသွားတဲ့ ဒေသနာကျမ်းမှာ ရှင်းလင်းစွာ ဖော်ပြထားတာ ဖြစ်ပါတယ်။


ဒါဆိုရင် ကျွန်ုပ်တို့ နေ့တိုင်း မစွဲလမ်းသင့်ဘဲ စွဲလမ်းနေတဲ့ အရာတွေက ကောင်းကျိုးမပေးဘဲ ပိုပိုဆိုးရွားတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနေပါတယ်။ ယေရှုဘုရားကိုယ်တိုင် သူဌေးတစ်ယောက်ကို “သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်း” လို့ မေးဖူးပါတယ်။


စွဲလမ်းခြင်းလမ်းကနေ လမ်းမှန်ကိုရောက်နိုင်ဖို့ ကူညီပေးမယ်ဆိုတာကို ယေရှုဘုရားက ဒီလိုပြောထားပါတယ် “ငါသည် လမ်းခရီးဖြစ်၏” ဖော်ပြခဲ့တဲ့ ယေရှုဘုရားပြောတဲ့ အရာတွေနဲ့ ကျမ်းချက်တွေကို ဆင်ခြင်နှလုံးသွင်းရင်း ကျွန်ုပ်တို့ရဲ့ စွဲလမ်းခြင်း ဒုက္ခကနေ လွတ်မြောက်နိုင်ဖို့လည်း သိပြီဆိုတော့ ထပ်ပြီး ယေရှုဘုရားနဲ့ ရင်းနှီးမှုရအောင် အနည်းငယ်ဆက်လေ့လာကြည့်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။


ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ


ဆက်လက်လေ့လာမည်