ကတိမတည်တဲ့လူတွေကို

ဘာကြောင့် မုန်းတီးကြတာလဲ

လူရယ်လို့ဖြစ်လာရင်မျှော်လင့်ချက်မမဲ့ဘူးတဲ့သူရယ်ရှိမယ်မထင်ပါဘူး။အနည်းအများကတော့မျှော်လင့်ချက်မဲ့ဘူးကြမှာပါ။မျှော်လင့်ချက်မဲ့ရခြင်းမှာလည်းအကြောင်းအမျိုးမျိုးရှိကြမှာပါ။ စာဖတ်သူမိတ်ဆွေကောမျှော်လင့်ချက်မဲ့ဘူးလားနော်။လူတွေမျှော်လင့်ချက်မဲ့လာပြီဆိုရင်ဘာလုပ်တတ်ကြလည်းဆိုတော့သူတို့မျှော်လင့်ချက်ကိုပြန်လည်ရှင်သန်စေမည့်ကိစ္စတခုခု၊လူပုဂ္ဂိုလ်တစ်ဦးဦးကိုချဉ်းကပ်ပြီးဖြေရှင်းတတ်ကြတယ်။ဒီလိုချဉ်းကပ်တဲ့အခါမယ်၊သူတို့ထင်ထားသလိုသူတို့မျှော်လင့်ချက်ကိုပြန်လည်ရှင်သန်စေမည့်အရာများသည်သူတို့၏မျှော်လင့်ချက်ကိုအသက်မရှင်စေဘူးဆိုရင်သူတို့ဘာဖြစ်မယ်ထင်လဲ။


ဒီလိုတော့ရှိတယ်ဗျ။ လူတွေမျှော်လင့်ချက်မဲ့လာရင် သူတို့မျှော်လင့်ချက်မဲ့နေမှုကိုပြန်လည်ရှင်သန်စေဖို့အထူးသဖြင့်လူများကိုအားကိုးတဲ့အခါမယ်၊တချို့ကျကူညီပေးကြတယ်။တနည်းအားဖြင့်ကတိပေးပြီးကိုကူညီတတ်ကြတာပေါ့။တကယ်လည်းသူတို့ကတိပေးတဲ့အတိုင်းကတိတည်စွာဖြင့်ကူညီတတ်ကြတယ်။တချို့ကျတော့ကတိတော့ပေးပါရဲ့ကတိမတည်ဘဲမျှော်လင့်ထားသူ၏မျှော်လင့်ချက်ကိုရိုတ်ချိုးသလိုကိုဖြစ်သွားကြတာကလည်းဒုနဲ့ဒေးပါ။


လောကတွင်လူ၂မျိုး၂စားရှိသည်။ “ကတိတည်သူနှင့်ကတိမတည်သူ”ဆိုပြီးတော့ပေါ့။ထိုလူ၂မျိုး၂စားသည်ဘယ်တော့မှပျောက်ကွယ်သွားမည့်သူများမဟုတ်ပါ။ ထိုလူ၂မျိုး၂စားထဲတွင်မည်သူကိုလူတွေကိုပိုသဘောကျမည်ဟုတ်ထင်ပါသလဲ။အားလုံးလိုလိုကတော့ကတိတည်တဲ့သူကိုဘဲသဘောကျမယ်ဆိုတာထင်ပါတယ်။ ကတိမတည်တဲ့သူကိုတော့မည်သူမှသဘောကျမည်မဟုတ်လို့ထင်မိပါတယ်။သဘောကျခဲ့တဲ့သူရှိခဲ့လျှင်လည်း၎င်းသူသည်လည်းကတိမတည်တတ်သောသူဖြစ်နေလို့ဖြစ်မှာပါ။


ဘာလို့ကတိတည်သောသူကိုသဘောကျလက်ခံကြပြီး၊ ကတိမတည်သောသူကိုသဘောမကျလက်မခံကြတာလဲ? အကြောင်းကတော့ကတိမတည်တဲ့သူကြောင့်သူပေးတဲ့ကတိကိုယုံစားပြီးယုံနေလိုက်တာနောက်ဆုံးကျကတိမတည်ခြင်းကြောင့်နာကျင်မှု၊ဝမ်းနည်းမှု၊အဆင်မပြေမှုတလှေကြီးနဲ့ကိုဖြတ်သန်းရခဲ့လိုဖြစ်မှာပါလို့ခြုံငုံသုံးသပ်ရမှာပါ။ကတိမတည်တဲ့သူမှာသစ္စာမရှိတတ်ဘူး။သနားကျင်နာမှုမရှိတတ်ဘူး။အတ္တများတယ်။သူ့အကျိုးစီးပွားကိုမကြည့်ရှုတတ်ဘူး။မိတ်ဆွေစိတ်ဓါတ်မရှိဘူး စသည်ဖြင့်သောအချက်များမရှိတတ်ပါ။ဒါကြောင့်လည်းကတိမတည်သောသူကိုလူများစွာကသဘောမကျလက်မခံကျရတာလိုဆိုရင် မှားမယ်လို့စာဖတ်သူမြင်မလား။


နောက်…ကတိတည်တဲ့သူကိုကျတော့လူများစွာကသဘောကျလက်ခံရခြင်းကလေ၊သူ့ရဲ့ကတိတည်တတ်မှုတွေကြောင့်စိတ်ပူပန်မှုမှပျော်ရွှင်မှုသို့၊ ဝမ်းနည်းကြေကွဲမှုမှ ဖြေသိမ့်ရာသို့၊ အဆင်မပြေမှုများစွာမှအဆင်ပြေရာသို့စသည်ဖြင့်ခံစားရရှိတတ်လို့လက်ခံသဘောကျကျတာပါ။ဒီထက်ပိုသောကတိတည်တတ်သောသူ၏အချက်များစွာရှိပါတယ်။အထက်ကအချက်တွေကယေဘူယျခြုံငုံရေးထားတာပါ။


တစ်ဘ၀စာ၊တစ်သက်စာအတွက်အစဉ်ကတိတည်ပြီးမျှော်လင့်သူသောသူတစ်ဦးအကြောင်းပြောပြပါမယ်။သူ့ရဲ့အဆင့်အတန်း၊ဂုဏ်သတ္တိတစ်ခုကပေးထားသောကတိကိုဘယ်တော့ဖောက်ဖျက်တတ်တဲ့သူတစ်ဦးမဟုတ်တာဘဲ။လူတွေရဲ့ပြိုပျက်နေတဲ့မျှော်လင့်ချက်တွေကိုပြန်လည်ရှင်သန်စေတယ်။ဘာလို့သူကအစဉ်ကတိတည်သောသူတစ်ဦးဖြစ်နေရတာလည်းဆိုရင်၊သူကလူသားများကိုဖန်ဆင်းပြီး၊လူသားများကိုအသက်နဲ့ထပ်ပြီးချစ်မြတ်နိုးတဲ့အသက်ရှင်တော်မူတဲ့ဘုရားဖြစ်နေခြင်းကြောင့်ပါ။


စာဖတ်သူမိတ်ဆွေကြားဖူးလားဗျ။အစဉ်ကတိတည်ပြီးမျှော်လင့်သင်တဲ့ဘုရားဆိုတဲ့စကားလုံးအချက်ကိုပေါ့။ သမ္မာကျမ်းစာထဲရှိ တောလည်ရာကျမ်း အခန်းကြီး၂၃း၁၉မှာ အစဉ်ကတိတည်တဲ့ဘုရားကဒီလိုကိုမိန့်ထားပါတယ်။ကြည့်ကြည့်ရအောင်ဗျာ။ ဘုရားသခင်သည် မုသာစကားကို ပြောအံ့သော ငှါ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှါ လူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲ နေတော်မူမည်လော။


ဂတိထားတော်မူပြီးမှ၊ ဂတိတော် မတည်ဘဲနေတော်မူမည်လော။ (တောလည်ရာကျမ်း အခန်းကြီး၂၃း၁၉) ဒီကျမ်းစာရဲ့အဓိပ္ပါယ်အရဆိုရင်ဘုရားသခင်ရဲ့အဆင့်အတန်းကိုစာဖတ်သူတန်းသိသွားမှာပါ။သူ့ကိုသူအာမခံထားတာကိုပေါ့။သူကတိပေးထားပြီးသားကိုမတည်မဲ့ဘုရားမဟုတ်ဘူးဆိုတဲ့အချက်ကိုလူသားတိုင်းအတွက်ရွှေကဲ့သို့သောသတင်းစကားဖြစ်တယ်။လောကမှာမျှော်လင့်ချက်မဲ့နေတဲ့သူတွေ၊နာကျင်မှုတွေကိုခံစားနေရတဲ့သူတွေ၊ကြေကွဲနေရတဲ့သူတွေ၊ဘ၀ဟာပျက်သုန်းပါပြီလို့မှတ်ယူထားတဲ့သူတွေအတွက်သိပ်တန်ဘိုးကြီးတဲ့ကတိစကားပါ။ အစဉ်ကတိတည်တဲ့ဘုရားကဒီလိုဖိတ်ခေါ်ကတိပေးထားသေးတယ်ဗျ။ သမ္မာကျမ်းစာရှိ ရှင်မဿဲခရစ်ဝင် ၁၁း၂၈ထဲမှာ ဒီလိုဖိတ်ခေါ်ကတိပေးထားပါတယ်။ တူတူဖတ်ကြရအောင်ဗျာ။


“ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။”


သိပ်ကြည်နူးစရာကောင်းတဲ့ကတိပေးဖိတ်ခေါ်မှုပါဘဲ။ ကျမ်းစာကတော့ဟုတ်ပါပြီ။ဒီအသက်ရှင်တဲ့ဘုရား၊အစဉ်ကတိတည်တဲ့ဘုရားကသူ့ကိုသိတဲ့သူကိုဘဲကတိတည်တာလား၊အခြားသူ့ကိုမသိတဲ့သူကိုရောသူမစကူညီနိုင်လား၊ကတိပေးဖိတ်ခေါ်လား။သတင်းကောင်းကတော့…လုံး၀သူ့ဆီကနေမျှော်လင့်နိုင်တယ်။သူပေးတဲ့ကတိကလည်းစာဖတ်သူမိတ်ဆွေအပြင်၊အခြားကမ္ဘာပေါ်ရှိလူသားတိုင်းအတွက်ဖြစ်တယ်။


သူဟာအသက်ရှင်ပြီးအရာရာကိုတတ်နိုင်သောဘုရားသခင်ဖြစ်နေလို့စာဖတ်သူမိတ်ဆွေအပြင်အခြားသူများသည်လည်းသူ့ကိုမျှော်လင့်နိုင်တယ်။ မိတ်ဆွေအပြင်ကမ္ဘာပေါ်ရှိလူသားတိုင်းသည်သူဖန်ဆင်းထားသောလူသားများဖြစ်လေတော့လူသားတိုင်းကိုသူချစ်တယ်၊သူသိတယ်။လူသားတွေဘာတွေလိုအပ်နေတာလည်း၊ဘာတွေမျှော်လင့်ချက်မဲ့နေတာလဲ၊ဘာတွေဝမ်းနည်းကြေကွဲနေတာလဲ၊ဘာတွေနာကျင်ခံစားနေရတာလဲဆိုတာတွေကိုသူဖြေရှင်းပေးနိုင်တယ်။


သူလုံး၀တတ်နိုင်ပါတယ်။တချက်ပါဘဲ၊သူ့ကိုဆက်သွယ်လျက်သူဆီမှမိမိလိုအပ်သောအချက်များကိုမျှော်လင့်ရင်ဖြတ်သန်းနိုင်ဖို့တော့လိုတာပေါ့။ဒါကြောင့် အစဉ်မျှော်လင့်သင့်သောသူတစ်ဦးသည်စာဖတ်သူကောကမ္ဘာပေါ်ရှိလူသားတိုင်းကိုရောမျှော်လင့်ချက်ပြန်လည်ရှင်သန်စေတာဖြစ်လို့ ထိုဘုရားသခင်ကိုအစဉ်မျှော်လင့်ရင် သူ့ကိုဆက်သွယ်ခြင်းအားဖြင့် ဖြတ်သန်းဖို့ရန် အစဉ်မျှော်လင့်သင့်သောသူတစ်ဦး ဆိုတဲ့အချက်နဲ့ ဝေမျှပေးလိုက်ပါတယ်။


ဝေမျှလိုက်ပါ