အထီးကျန်ခြင်း
ယေရှုဘုရားကို ဆုတောင်းလိုလို့ ဒီနေရာကို ရောက်ရှိလာခြင်းအတွက် ကြိုဆိုပါတယ်။ယေရှုဘုရားကလေ လူသားအားလုံးကိုချစ်ပြီး မိတ်ဆွေကိုသိတဲ့ဘုရား၊မိတ်ဆွေအနားမှာဘဲရှိနေလို့ ဒီလိုလုပ်ကြည့်ဖို့မေတ္တာဖြင့် ဖေါ်ပြအကြံပြုပါရစေ။အောက်တွင်ဖေါ်ပြထားသော စာအတိုင်းလည်း အသံထွက်လျက်
ဆုတောင်းနိုင်ပါတယ်။
ဆုတောင်းရန် -
"ကောင်းကင်၊မြေကြီးကို ဖန်ဆင်းတော်မူသော ဘုရားသခင်။ သား၊သမီးသည် ယေရှုဘုရား၏အကြောင်းကိုကြားသိခဲ့လျက် ယုံကြည်သက်ဝင်လိုသောကြောင့် ယခုလိုဆုတောင်းရခြင်းဖြစ်ပါတယ်။
ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူတဲ့ဘုရား၊ လူသားများကိုလည်ဖန်ဆင်းထားတယ်ဆိုတာကိုသိရှိရပါတယ်။ ယေရှုဘုရားသည်လူသားများ၏ အကုသိုလ်ပြစ်ကြွေးများကို ကိုယ်စားခံလျက်အပယ်မလားရအောင်လည်း လုပ်ဆောင်ပေးခဲ့တာကို သိခဲ့ရပါတယ်။
ကျွန်တော်၊မပိုလို့ နားလည်ချင်ပါတယ်။ ကူမပေးတော်မူပါ။ ယေရှုဘုရားသည် လူသားများချစ်တော်မူကြောင်း သိရှိရပါတယ်။ ကျွန်တော်၊မ၏ဘ၀ရှိအထီးကျန်မှုများကို ကုစားပေးတော်မူပါ။ ကျွန်တော်၊မဘေးတွင်ရှိနေသည့်အတွက် ကျွန်တော်၊မ၏ ဘ၀၏ အရှင်ထာ၀ရဘုရားကို ပိုလို့သိရှိနိုင်စေဖို့ရန်အတွက်မစကူညီပေးတော်မူပါ။
ယခုဆုတောင်းချက်များကို တောင်းလျှောက်ရာတွင် လူသားများကို အသက်ပေးကယ်တင်တော်မူခဲ့သော၊ သေခြင်းကို အောင်မြင်တော်မူခဲ့သော
ယေရှုဘုရား၏ နာမတော်မြတ်၌ ဆုတောင်းပါ၏။အာမင်"
ဂုဏ်ယူပါတယ်။
အထက်ပါဆုတောင်းချက်ကိုဆုတောင်းပြီးလိမ့်မယ်လို့ထင်ပါတယ်။
စာဖတ်သူက ဘုရားသခင်အကြောင်းပိုလို့သိရှိလိုတယ်ဆိုရင်ကျွန်တော်တို့ဆက်လက်ကူညီပေးနိုင်ပါတယ်။
စိတ်ဝင်စားပါက "ဆက်သွယ်မည်" ဆိုတာလေးကိုနှိပ်ပေးပါ။