အချိန်ရဲ့ တန်ဖိုး
မုန်တိုင်းကြောင့် မိုးကြီးလွန်းလာလို့ လှေကလေးမှာ ထိန်းနိုင်တဲ့ခွန်အားလျော့နည်းလာပြီး လှေတိမ်းမှောက်သွားတော့ ဝီလျံဟီလာရီနဲ့အတူပါလာတဲ့လူတွေ သေဆုံးသွားခဲ့ရတယ်။
ခန့်ညားပြီးစွန့်စားရဲသူ ဟီလာရီဟာ နောက်ထပ်ဒီလိုကြေကွဲစရာအဖြစ်ဆိုးမျိုးကနေ အခြားသူတွေကိုကယ်တင်နိုင်ဖို့ တစ်ခုခုလုပ်မှဖြစ်မယ်လို့ ဆုံးဖြတ်ချက်ကြီးကြီးမားမား ချလိုက်ပါတယ်။မုန်တိုင်းကြောင့် လှေနဲ့သင်္ဘေ ာတွေတိမ်းမှောက်ပြီး လူ့အသက်တွေဆက်လက်မဆုံးရှုံးရအောင် အဖွဲ့အစည်းတစ်ခုကိုအစပြုတည်ထောင်ဖို့ အသည်းအသန် ကြိုးစားအားထုတ်ပါတော့တယ်။
ငွေရေးကြေးရေးအခက်ခဲတွေရှိပေမဲ့လည်း လူ့အသက်တွေကယ်တင်ရေးလုပ်ငန်းတွေကို သူမရပ်ဆိုင်းခဲ့ပါဘူး။ အသက်ကယ်လှေလေးတွေကို ပုံမှန်သူယူပြီး အသက်ရာပေါင်းများစွာကို ကြောက်စရာအလွန်ကောင်းတဲ့ မုန်တိုင်းတွေထဲကနေ ဆက်လက်ကယ်တင်ခဲ့ပါတယ်။အသက်အရွယ်ကြောင့် ကမ္ဘာမြေကြီးကနေ ဟီလာရီထွက်သွားခဲ့ရပေမယ့်လည်း၊ သူ့ရဲ့ အဖွဲ့အစည်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ ရဲရင့်ပြီးကူညီစိတ်အပြည့်ရှိတဲ့လူတွေက တစ်နေ့ကို ပျမ်းမျှ လူပေါင်း(၂၄)ဦးခန့်ကို ဆက်လက်ကယ်တင်ပေးနေပါတယ်။
UK နဲ့ Ireland နိုင်ငံတွေမှာ ဟီလာရီအဖွဲ့ရဲ့ ကယ်ဆယ်ရေးနဲ့ အသက်ကယ်လှေတွေကို (၂၄)နာရီအတွင်း အချိန်မရွေးခေါ်ယူနိုင်ပါတယ်။’အချိန်နှင့်ဒီရေဟာ လူကိုမစောင့်’ ဆိုသလိုပါပဲ လူ့အသက်ကိုကယ်တင်ဖို့ တစ်စက္ကန့်လေးမှ နောက်ကျလို့ မရပါဘူး။ လူကယ်တဲ့ချိန်မှာသာမက အားကစားပြိုင်ပွဲတွေမှာလည်း အားကစားသမားများဟာ ပန်းတိုင်ကိုဝင်ဖို့ တစ်စက္ကန့်မှ နောက်ကျလို့မရပါဘူး။ဒါကြောင့်မို့ ကျွန်ုပ်တို့လည်း အခြားသူတွေကိုကူညီဖို့ (သို့မဟုတ်) အသက်တွေ၊ ဘ၀တွေကိုကယ်တင်ဖို့ အချိန်ဆွဲနေတာတွေမလုပ်ဘဲ အချိန်အခါသင့်နေတုန်းကူညီပေးမှသာ ထိရောက်အကျိုးရှိမှာဖြစ်ပါတယ်။
တကယ်လို့ ဟီလာရီသာ လူတွေကိုကယ်တင်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် လက်တွေ့ မလုပ်ဆောင်ခဲ့ရင် ပင်လယ်ပြင်မှာ လူ့အသက်များစွာ ဆက်လက်ဆုံးရှုံးနေနိုင်ပါတယ်။ ဝမ်းတစ်ထွာစာအတွက် ပင်လယ်ပ ြင်ကိုအမှီပြုပြီး ရှာဖွေစားသောက်နေရသူတွေကိုလည်း ဟီလာရီမှလုံခြုံမှုပေးလိုက်သလို ဖြစ်သွားပါတယ်။ကျွန်ုပ်တို့လည်း ဆက်လက်ပြီး မွန်မြတ်လှတဲ့ကိုယ်ကျိုးစွန့်စိတ်ဓာတ်တွေနဲ့ အခြားသူတွေကို အချိန်မနှောင်းခင် ကူညီကြဖို့ ရဲရင့်ကြရအောင်။ယေရှုဘုရားကိုယ်တိုင်ကလည်း
“သူတပါးကိုစေခိုင်းဖို့ ငါလာခဲ့တာမဟုတ်၊ သူတပါးရဲ့ဝန်ကို ကူထမ်းပေးဖို့ လာခဲ့တာဖြစ်တယ်”
လို့ မိန့်ကြားခဲ့ပါတယ်။ ဒီစကားဟာ ယေရှုဘုရားရဲ့ ကူမပေးလိုတဲ့မေတ္တာတော်ကြီးမားကြောင်းကို ဖော်ပြနေပါတယ်။ကျွန်ုပ်တို့လည်း ကိုယ့်ရဲ့ မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းအတွက်သာမက လူမှုဝန်းကျင်ကိုပါ ကျယ်ပြန့်စွာကူညီနိုင်ဖို့ ယေရှုရဲ့ မေတ္တာတော်အကူအညီနဲ့ အတူတကွ ကြိုးစားအားထုတ်ကြပါစို့နော်။