Podcast နဲ့လည်း နားဆင်နိုင်ပါပြီ
နိုဘယ်ဆုကိုဆွတ်ခူးခဲ့ပြီး အောက်စ်ဖို့ဒ်၌အချိန်ကြာမြင့်စွာနေထိုင်ခဲ့သည့် ဆရာကြီး Peter Medawar ကကလေးငယ်၏ပုံမှန်မေးခွန်းများကို ဖြေဆို၍မရသော ကြောင့် သိပ္ပံပညာသည် အကန့်အသတ်သာရှိတယ်လို့ ပြောခဲ့ပါတယ်။
“ငါဘယ်ကလာတာလဲ ငါဒီမှာဘာလာလုပ်တာလဲ ဘဝရည်ရွယ်ချက်ကကော ဘာလဲ” ဆိုတဲ့အချက်ကို ပြင်ပသိပ္ပံပညာဖြစ်တဲ့ စာပေ၊ ဘာသာရေး၊ အတွေးအခေါ်ပညာရပ်တွေအတွက်ဒီမေးခွန်းတွေရဲ့အဖြေတွေကိုရှာဖွေဖို့လိုတယ်လို့ဆရာကြီးကပြောခဲ့တယ်။
ပြီးတော့ဒီဆရာကြီးက သိပ္ပံပညာဟာအမှန်တရားအတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ အသံတွေကျယ်ကျယ်လောင်လောင်ထွက်နေတဲ့ ကမ္ဘာကြီးမှာကျွန်ေတာ်တို့နေကြတယ်။ ဒီလို ကျယ်ကျယ်ေလာင်ေလာင်ထွက်မှုတွေဟာ မှားယွင်းတဲ့အသံထွက်မှုတွေပဲလို့ရိုးရိုးလေးပဲထောက်ပြချင်တယ်လို့ဆိုခဲ့ပါတယ်။
ဘုရားသခင်ေဖါ်ပြချက်နှင့်သိပ္ပံနည်းကျရှင်းပြချက်တို့ရဲ့ကွဲပြားခြားနားမှုကို
သရုပ်ဖော်ဖို့လူတွေကို ရေပွက်ပွက်ဆူနေသောအကြောင်းကို စဉ်းစားကြည့်ဖို့ ဆရာကြီးကတောင်းဆိုခဲ့ပါတယ်။
ဘာလို့ရေပွက်ပွက်ဆူနေတာလဲ?
ဘာလို့လဲဆိုတော့ မီးတောက်မီးညွှတ်ကရေမော်လီကျူးတွေကို လှုပ်ခတ်စေတဲ့ရေနွေးအိုးကို အပူပေးနေတဲ့အတွက်ကြောင့် ပွက်ပွက်ဆူနေရခြင်းဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ သူတို့ကဋိပက္ခမရှိကြဘူး။
ဘဝမှာအေကြာင်းအရာများစွာက အဆင့်များစွာရှင်းလင်းချက်များရှိပါတယ်။ ဆိုလိုတာက သိပ္ပံနည်းကျရှင်းလင်းချက် မလုံလောက်ပါ။
၎င်းကကစင်္ကြာ၀ဠာနှင့်တူတယ်။ မိတ်ဆွေဟာသိပ္ပံပညာအပြင်ဘုရားသခင်ကိုလိုအပ်ပါတယ်။သိပ္ပံပညာနဲ့၊ဘုရားသခင်ဟာအချင်းချင်းကယှဉ်ပြိုင်တာတို့၊
ပဋိက္ခဖြစ်တာတို့မရှိဘူး။
ပြီးတော့ ဆရာကြီးကဆက်ပြောတာကတော့ ဆွဲငင်အားနိယာမကိုရှာဖွေတွေ့ရှိခဲ့တဲ့အိုင်ဇာက်နယူတန်ကို မကြာခဏသူစဉ်းစားမိတယ်ဆိုတဲ့အကြောင်းပါ။ ဆရာကြီးဆက်ပြောတာက ဆွဲငင်အားကိုရှာဖွေတွေ့ရှိခဲ့တဲ့အိုင်ဇက်နယူတန်ကဆွဲငင်အားကိုတွေ့ရှိသွားတဲ့အခါမှာ
“အခုတော့ငါဆွဲငင်အားသိပြီဖြစ်လို့ဘုရားသခင်မလိုအပ်တော့ဘူး”လို့မပြောခဲ့ပါဘူးဆိုပြီးဆက်ပြောပြပါတယ်။
အိုင်ဇက်နယူတန်ပြောခဲ့တာကတော့ "ဒီလိုနည်းလမ်းနဲ့ဖန်ဆင်းတဲ့ဘုရားသခင်ကဘယ်လောက်တောင်ထူးမြတ်လိုက်လဲ" ဆိုပြီး ဖြစ်တယ်။
"အနုပညာ၊ အင်ဂျင်နီယာစတဲ့အရာတွေအများကြီးနားလည်လေလေ၊ သူတို့ကိုထုတ်လုပ်တဲ့လူတွေရဲ့ပါရမီကိုပိုသဘောကျလေလေပဲလို့ " လဲဆရာကြီးကပညာပေးဆိုခဲ့ပါတယ်။
ခေတ်သစ်သိပ္ပံပညာ၏ရှေ့ဆောင်များဖြစ်ကြတဲ့ (Galileo, Kepler, Newton, Clerk Maxwell)တို့ဟာ ရားသခင်ကိုယုံကြည်ကြသူများပဲဖြစ်တယ်။ ဒီဆရာကြီးတွေဟာ ဘုရားသခင်ကိုယုံကြည်ကြတဲ့ဆရာကြီးတွေဖြစ်ကြောင်းကို ကျောင်းအဆင့်ကလေးတွေကတစ်ခါမှ မကြားဖူးဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ကိုယုံကြည်ခြင်းက သိပ္ပံပညာမြင့်တက်မှုကိုအဟန့်အတားဖြစ်စေတဲ့အကြောင်းအရင်းဖြစ်တယ်လို့ ယုံကြည်သတ်မှတ်ကြခြင်းကြောင့်ပါပဲ။ လူတေတွဟာနောက်ကွယ်ရှိဥပဒေပေးသူကို ယုံကြည်သောကြောင့် စနစ်တကျဖွဲ့စည်းထားသော စင်္ကြ၀ဠာကိုယုံကြည်လာခဲ့ကြတယ်။
ဆရာကြီးက ဘုရားသခင်ကို ယုံကြည်ဝတ်ပြုမှုကအကြောင်းအရာတွေကိုပိုပြီး နားလည်စေတယ်လို့ အဆုံးသတ်ပြောခဲ့ပါတယ်။ သိပ္ပံပညာနဲ့ ဘုရားသခင်ဟာအမြဲဒွန်တွဲနေတာဖြစ်ပြီး ဘုရားသခင်မပါပဲ သိပ္ပံပညာတခုတည်းအားဖြင့် မပြည့်စုံကြောင်း၊ ဘုရားသခင်ပါရှိမှပဲ အရာရာဟာရှင်းလင်းသွားမှာဖြစ်ကြောင်းကိုဝေမျှပေးရင်ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဆက်လက်သိလိုတာ၊မရှင်းလင်းတာများရှိရင် "ဆက်သွယ်မည်" ကို နှိပ်ပြီး မိတ်ဖွဲ့မေးမြန်းလို့ရပါကြောင်း သတင်းကောင်းပါးပါတယ်။
အသက်ရှင်သောဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများမိတ်ဆွေတို့အပေါ်သက်ရောက်ပါစေ။ အာမင်