သနားကြင်နာတတ်ခြင်း
Welcomeပါ...ရောက်လာခြင်းကို ကြိုဆိုပါတယ်။
လူသားတိုင်း အမှန်တကယ်အလွန်လိုအပ်နေတဲ့အရာတခုကတော့ "သနားကြင်နာတတ်ခြင်း" ဆိုတဲ့အရာတခုဖြစ်တယ်။ သနားကြင်နာတတ်ခြင်းက လူတိုင်းအတွက်လိုအပ်သလို၊ လူတိုင်းတောင်းတကြတဲ့ တန်ဘိုးကြီးတဲ့အရာတခုဖြစ်တယ်။
နောက်ပြီး လူတိုင်းတောင်းတကြတဲ့ သနားကြင်နာခြင်းကို ပေးတတ်သောသူကိုလည်း လူတိုင်းကချီးမွမ်းထောပနာပြုတတ်ကြတယ်။ လူသားအချင်းချင်းကို သနားကြင်နာတတ်ခြင်းက သိပ်ကိုကောင်းတဲ့အချက်ဖြစ်ပြီး၊ သိပ်ကိုလူသားဆန်မှုပါ။
ဒီလိုလူသားဆန်မှုတွေဖြစ်လာဖို့ကိုလည်း လူကြီးသူမတွေဆီကနေပဲဖြစ်ဖြစ်၊ ပညာရေးကဏ္ဍကနေပဲဖြစ်ဖြစ် သင်ကြရတယ်။ ဘာသာရေးတွေကနေလည်း သင်ကြရပြန်တယ်။ လူတွေက တစ်စုံတစ်ခုခုကြောင့် နာကျင်မှုတွေ၊ အဆင်မပြေမှုတွေကြုံဆုံရသောအခါတွေမှာ သူတို့ကိုနားလည်ပေးပြီး၊ သူတို့ကိုသနားကြင်နာခြင်းပြပေးမယ့် သူတွေကိုလိုအပ်နေတာ။
ကမ္ဘာပေါ်မှာ လွန်စွာလေးစားဖို့ကောင်းသော သနားကြင်နာတတ်သော လူများစွာရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးရဲ့နာကြင်မှုကိုသိပြီး အခုထိဖြေရှင်းပေးနေတဲ့သူတစ်ဦးရှိတယ်။ ဒီအကြောင်းကို ဆက်လက်သိရှိလိုတယ်ဆိုရင်
ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ