ရုပ်ပစ္စည်း
သင့်အကြောင်းကို တိုက်ရိုက်မသွားခင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဗဟုသုတကို အရင်ဆုံး မိတ်ဆက်ပေးချင်ပါတယ်။
George Monbiot ရေးထားတဲ့ “ရုပ်ဝတ္တုစွဲလမ်းခြင်းက အပြင်ပိုင်းနဲ့ အတွင်းပိုင်းကို ဖျက်စီးစားသုံးနေပါတယ်” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အကြောင်းရင်းကို ဖော်ပြချင်ပါတယ်။ ပစ္စည်းတွေ အလွန်အကျွံဝယ်ယူခြင်းက မိမိကိုယ်ကိုလည်း ဖျက်စီးရာကျပါတယ်။
အသက် (၁၈) နဲ့ (၃၀) ဆိုတဲ့အချိန်ကြားက လူတွေကတော့ ငယ်ရွယ်သေးတဲ့အလျောက် ရုပ်ဝတ္တုစွဲလမ်းခြင်းကြောင့် ဒုက္ခ ပြဿနာကို ပိုပြီး ခံစားရပါတယ်။ ဒါပေမဲ့ သူတို့သာ ရုပ်ဝတ္ထုတွေအပေါ် စွဲလမ်းမှုမရှိဘူးဆိုရင် ဘဝမှာ ပျော်ရွှင်မှုကို ပိုခံစားကြမှာ ဖြစ်ပါတယ်။
သင် George Monbiot ရဲ့ ဖော်ပြချက်ကို မဖတ်ဖူးခင်မှာ ပစ္စည်းဝယ်ယူသုံးစွဲခြင်းသာ ဖြစ်ပါတယ်ဆိုပြီး သတိလက်လွတ်ဖြစ်တဲ့ချိန်မှာတင် ရုပ်ဝတ္ထုစွဲလမ်းခြင်းဆိုတဲ့ အဆင့်ထိ ရောက်သွားတာကို မသိရှိဘဲ ရောက်ရှိနေပြီလား။
မိမိအတွက် ဝယ်ယူသုံးစွဲခြင်းတွေ များလာတော့ စုဆောင်းခြင်းနဲ့ အခြားသူတွေကို ဝေမျှပေးခြင်း မရှိတော့ဘူးဆိုတော့ ကမ္ဘာမြေကြီးမှာ ရှိတဲ့အချိန်အတွင်းမှာ အခြားသူတွေအတွက်လည်း အကျိုးမပြုသလို မိမိကိုယ်ကိုလည်း ရုပ်ဝတ္ထုနောက်လိုက်ပြီး ဖျက်စီးလိုက်သလိုလည်း ဖြစ်သွားပါတယ်။ စားသုံးသူများနဲ့ဆိုင်တဲ့ သုတေတနမှာလည်း ရုပ်ဝတ္ထုစွဲလမ်းခြင်းက အထီးကျန်ခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာလို့ ဖော်ပြထားပါတယ်။
သင့်ရဲ့ ထိုအရာကို စွဲလမ်းခြင်းအစရဲ့ အတွေ့အကြုံကလည်း အထီးကျန်ခြင်းကနေလာနိုင်သလို အခြားကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ပြဿနာတစ်ခုခုကနေ လွတ်မြောက်ဖို့ ကြိုးစားရင်း မကောင်းတဲ့စွဲလမ်းခြင်းကို ပြန်လည်ရောက်ရှိသွားတာကတော့ သင့်အတွက် အကျိုးထူးမှာ မဟုတ်ပါဘူး။ ဒီလို ခက်ခဲတဲ့ ပြဿနာကနေ လွတ်မြောက်ဖို့အတွက် သင့်ကို ကူညီပေးချင်ပါတယ်။
နောက်တစ်မျက်နှာမှာ ဘယ်လို လွတ်မြောက်နိုင်မလဲဆိုတာနဲ့ဆိုင်ပြီး ထိရောက်လှတဲ့ ဖော်ပြချက်တွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ