ယေရှုဟာ လုံးဝထူးခြားပါတယ်။ သူကတစ်ချိန်တည်းမှာ ဘုရားသခင်လည်းဖြစ်သလို၊ လူသားလည်းဖြစ်ပါတယ်။


ဒါကို ကြားတော့ မိတ်ဆွေတခုခုတော့ တွေးသွားမယ်လို့ ထင်ပါတယ်။


ဆက်ကြည့်လိုက်ရအောင်။


ကမ္ဘာ့သမိုင်းမှာ
'ဘုရားကြီးများစွာနဲ့ဘာသာတရားများ' ရှိခဲ့ကြတယ်။ အဲ့ဒီဘာသာတရားတွေထဲက ဘုရားများဟာဆိုရင်အဝေးမှာပဲနေကြပြီး ကမ္ဘာမြေပေါ်သို့မသွားဖူးသလို၊ ရောက်လည်း မရောက်လာဖူးပါ။


ဒါ့အပြင် ဘုရားငယ်များကို ကိုးကွယ်မှုများရှိခဲ့တယ်။ ဂရိ၊ နော့စ် ဘုရားများကို စဉ်းစားကြည့်ပါ၊ သူတို့ကပေါ်လာတယ်၊ ဒါပေမယ့် သူတို့ကသေးသေးလေးတွေ၊ စကားလည်း များကြတယ်။ သူတို့က “ နတ်ဘုရားငယ်” များသာဖြစ်ကြပြီး လူသားများထက်တောင် ဆိုးရွားကြပြန်ပါတယ်။


ယေရှုဘုရားမှာတော့ ဘုရားဇာတိတော်နှင့်လူသားဇာတိ ရှိပါတယ်။ သူက ဂျူးကျမ်းစာ စောင်များရဲ့အရှင်သခင်ဖြစ်တော်မူတယ်လို့ဆိုထားပါတယ်။

သူဟာစကြ၀ဠာထက်အသက်ကြီးတယ်၊ သူကလူသားထုရဲ့ ကယ်တင်ရှင်ဖြစ်တယ်၊ သမိုင်းအဆုံးမှာအရာအားလုံးကို သူအဆုံးသတ်မှာ ဖြစ်တယ်။


သူက အဆုံးစွန်သောအစစ်အမှန် ဖြစ်ပါတယ်။


သူက ဘ၀ရဲ့သက်စမ်းရေတွင်းဖြစ်ခြင်းနဲ့ လူသားတို့ထဲမှ တစ်ဦးဖြစ်တယ်။ သူက လောကလူသားမိသားစုနှင့် ပူးပေါင်းခဲ့တယ်။ သူဟာ ကျွန်ုပ်တို့ရဲ့လူသားသမိုင်းမှာ ပါ၀င်တယ်။ လောကကို ဖန်ဆင်းတော်မူသောဘုရားသခင်ဟာ ဒီလောကမှာခြေရာကို စွန့်တော်မူတာ

ဖြစ်တယ်။


ယေရှုဘုရားရဲ့ ကြီးမြတ်မှုနှင့် နိမ့်ချမှုဟာ ကမ္ဘာအနံ့သို့ပျံ့နှံ့ ရောက်ရှိသိရှိခဲ့ကြတယ်။

  • သူက အနိမ့်ဆုံးအစေခံကျွန်သဏ္ဍာန်ကိုဆောင်တဲ့ ဘုရင်ဖြစ်တယ်။
  • သူက နူနာစွဲမကျန်းမာသူများကို လက်ကမ်းပေးသောသန့်ရှင်းသောသူဖြစ်တယ်။
  • သူကအပြစ်သားများနဲ့အတူစားသောက်သောဖြောင့်မတ်သောသူဖြစ်သည်။
  • သူကပြည့်တန်ဆာများဘ၀ကိုလက်ခံသောသန့်ရှင်းသူဖြစ်သည်။
ဆက်လက်ဖတ်ရှုမည်

ဝေမျှနိုင်ပါပြီ