ယေရှုဘုရားနဲ့ ရင်းနှီးမှုစတင်ခြင်း
ဆုတောင်းခြင်းဆိုတာ ယေရှုဘုရားနဲ့ ရင်းနှီးမှု ရယူခြင်း ဖြစ်ပါတယ်။
အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ယေရှုဟာ ဘုရားဖြစ်သလို၊ ကျွန်ုပ်တို့အားလုံးရဲ့ သူငယ်ချင်းကောင်းလည်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျွန်ုပ်တို့ရဲ့ အခက်အခဲအားလုံးကို ရင်ဖွင့်ပြောဆိုလို့ရပါတယ်။ သင့်အတွက် ဆုတောင်းခြင်းဟာ ပထမဦးဆုံးဆိုရင် ဖော်ပြထားတဲ့ ပုံနဲ့ ဆုတောင်းချက်အတိုင်း စတင်နိုင်ပါပြီ။
ဆုတောင်းချိန် ပုံမှာ ပြထားတဲ့အတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ဆုတောင်းချက် -
"ယေရှုဘုရား.. သူငယ်ချင်းကောင်းနဲ့ဆိုင်ပြီး လေ့လာတဲ့ချိန်မှာ ရယူမှုသာမဟုတ်ဘဲ ပေးဆပ်မှုတွေလည်း ရှိရတယ်ဆိုတာကို ကျွန်တော်၊မ တွေ့ရပါတယ်။ ယေရှုဘုရားရဲ့ ချစ်ခြင်းမေတ္တာနဲ့ သူငယ်ချင်းကောင်းပီသတဲ့ ပေးဆပ်မှုတွေကိုလည်း လေ့လာရပါတယ်။ ကျွန်ုပ်ကိုလည်း ချစ်ခြင်းမေတ္တာတွေ ပြည့်ဝနေဖို့ ကူညီပေးပါ။ သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေဖို့ စတင်တော့မှာမို့ ဒီအရာမှာလည်း ကူညီပေးဖို့ ဆုတောင်းပါတယ်။ အာမင်။"
သူငယ်ချင်းကောင်းဆိုင်ရာ ပိုမိုသိရှိလိုတာ ဖြစ်ဖြစ်၊ တိုင်ပင်ဆွေးနွေးလိုတာ ဖြစ်ပါစေ ကျွန်ုပ်တို့နဲ့ ဆက်သွယ်နိုင်ပါပြီ။