ထပ်မံပြီးတော့ ကြိုဆိုလိုက်ပါတယ်။ မည်ကဲ့သို့သော ခက်ခဲမှု၊ စိန်ခေါ်မှုများဖြစ်နေပါစေ။ ဖြေရှင်းတတ်ရင် ဖြေရင်းသွားနိုင်ကြပါတယ်။ ဆိုတော့ ဘုရားသခင်အားဖြင့် ဘယ်လိုဖြေရှင်းနိုင်မလဲ။
၁။အခက်အခဲ၊စိန်ခေါ်မှုကို ရှုမြင်ပုံကိုပြောင်းပါ။ ဘယ်လိုပြောင်းရမလဲ၊ဒီလိုပြောင်းပါ။ယခုရင်ဆိုင်နေရသောမျှော်လင့်ချက်မဲ့စရာများသည်မျှော်လင့်ချက်မဲ့စရာမဟုတ်ပါ။ဖြေရှင်းဖို့နည်းလမ်းမသိသေးခြင်းကြောင့်သာဖြစ်တယ်ဆိုတဲ့အချက်ကိုပေါ့။
၂။တတ်နိုင်သောဘုရားသခင်ထံယူလာပါ။ သမ္မာကျမ်းစာတော်မြတ်ထဲမှာ ယေရှုဘုရားက ဝန်လေးပြီးပင်ပန်းနေတဲ့သူတွေ သူ့ဆီကိုလာပါ။ သူကူညီပေးမယ်။ သူဖြေရှင်းပေးမယ်ဆိုပြီး ဖေါ်ပြမိန့်ဆို ဖိတ်ခေါ်ထားပါတယ်။
၃။ဘုရားသခင်ထံဆုတောင်းအကူအညီရယူပါ။ဘုရားသခင်မဖြေရှင်းနိုင်တဲ့ကိစ္စဆိုတာမရှိပါဘူး။သူအကုန်ဖြေရှင်းနိုင်ပါတယ်။ယုံကြည်ဖို့ပဲလိုတာပါ။
ဒါကိုလက်တွေ့လုပ်ပြီး အောင်မြင်ခြင်းရရှိနိုင်ဖို့ စလုပ်ချင်တယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်။