သင်ဒီကိုရောက်လာတာကိုက သင့်မှာမျှော်လင့်ချက်မငြိမ်းသေးဘူးဆိုတာကိုမြင်နေရပါတယ်။


ဂုဏ်ယူပါတယ်။



ဆိုတော့ကား .... ဘ၀တွေခက်ခဲနေတဲ့အချိန်၊ နာကျင်စွာဖြတ်သန်းနေရတဲ့အချိန်၊ ပူဆွေးခြင်းတွေနဲ့နပန်းလုံးနေရတဲ့အချိန်တွေမှာ မျှော်လင့်ချက်တွေ ရှင်သန်နိုးကြားစေဖို့ အောက်ပါအချက်တွေက အကျိုးဖြစ်စေမယ်လို့ ထင်ပါတယ်။

 ၁။ သင့်ခံစားချက်များကိုဖော်ပြပါ။ သင်၏ခံစားနေရမှုများကို မိမိချစ်ခင်ယုံကြည်ရသူကိုထုတ်ဖေါ်ပြောပြခြင်းကသင့်ကိုသက်သာစေပါလိမ့်မယ်။


၂။မျှော်လင့်မထားတဲ့နေရာတွေမှာမျှော်လင့်ချက်ရှာပါ။ တခါတရံမှာ မိမိမထင်ထားသောနေရာတွေကနေက မိမိကိုများစွာအကျိုးဖြစ်စေသောအရာများဖြစ်ပေါ်လာတတ်လို့ပါ။


၃။အကောင်းမြင်မှုကိုမွေးမြူပါ။


၄။ကျေးဇူးတင်ကြောင်းလေ့ကျင့်ပါ။ သင်ကျေးဇူးမတင်မိခဲ့သောအရာများစွာကိုမေ့လျက်ဖြတ်သန်းဖူးပါလိမ့်မယ်။ထိုအချက်တွေကိုစဉ်းစားပြီးချရေးလျက်ကျေးဇူးတင်ကြောင်းလေ့ကျင့်ပါ။


၅။သင်၏ဘ၀၌ဖြစ်နိုင်ချေများကိုရှာဖွေကြည့်ပါ။ တခါတရံမိမိမမြင်တတ်လို့သာ ခက်နေသောအရာများရှိနေတတ်ပါတယ်။


၆။သဘာဝကိုကြည့်ရှုခံစားရန်အပြင်သို့သွားပါ။ သဘာ၀တရားရဲ့အလှအပတွေကို လူသားတွေကို ပြန်လည်လန်းဆန်းစေတတ်ကြတယ်မလား။ ဒါကြောင့်မလို့ ခရီးထွက်ကြရင်း လေ့လာကြတာပေါ့။


၇။ကြင်နာမှုတခုခုကိုလုပ်ပါ။


၈။သင့်ကိုသင်စောင့်ရှောက်ဖို့လည်းအချိန်ယူပါ။သင့်ကိုသင်အချိန်ပေးပါ။


၉။ယုံကြည်ခြင်းကိုအသုံးချပါ။ တချို့တွေက ယုံကြည်တယ်ပဲပြောပြီး ဘာမှဆက်မလုပ်တတ်ကြဘူး။ လုပ်ကိုလုပ်ရမှာဖြစ်တယ်။


၁၀။ရုပ်နာမ်အကျိုးအတွက်အချိန်ယူပါ။ ဘာသာတရားမှာအချိန်ယူပါ။


 ဆက်လက်လေ့လာဦးမယ်ဆိုရင် ဖိတ်ခေါ်ပါတယ်။

လေ့လာမည်