ယခုလိုအချိန်မှာ သင်ဘယ်လိုဖြတ်သန်းနေပါသလဲ၊ ခက်ခဲစွာနဲ့ဖြတ်သန်းနေလား။
အဆင်ပြေစွာနဲ့ ဖြတ်သန်းနေလား။ မသေချာမရေရာမှုတွေနဲ့ ဖြတ်သန်းနေရတယ်လို့ ခံစားမိနေလား။
ခံစားမိနေမယ်၊ ရှေ့ဆက်အနာဂတ်ဟာ ဘယ်လိုဖြစ်လာမယ် မသိပါဘူး၊ စသည့်အတွေးများနှင့် ဖြတ်သန်းကောင်းဖြတ်သန်းနေမယ်လို့ ထင်မိပါတယ်။
လူတိုင်းဟာ သေချာသောအရာ၊ သေချာသောကိစ္စ၊ သေချာသောအနာဂတ်နဲ့ ရှင်သန်ချင်ကြတာမလား။
ဒါဆိုအခုလို မသေချာမရေရာမှုတွေနဲ့ ဖြတ်သန်းနေရမှုတွေကို ဘယ်လိုကျော်ဖြတ်ပြီး ဖြတ်သန်းကြမလဲ။
အတူတကွ အဖြေရှာကြည့်လိုက်ရအောင်။