အကြောင်းအရာ
သာမန်လူတွေအတွက် ပန်းသီးတစ်လုံး ကြွေကျခြင်းဟာ အထူးအဆန်းမဟုတ်ပေမယ့်
အိုင်းဇက်နျူတန်ကတော့ ဒြပ်ဆွဲအားအကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။
“ပန်းသီးဟာ ဘာကြောင့် အခြားတစ်နေရာရာကို
လွင့်စင်မသွားဘဲ ဘာကြောင့် မြေကြီးပေါ်တည့်တည့်
ကျလာရသလဲ၊
ပန်းသီးကို မြေကြီးပေါ်ကျလာစေဖို့ ဆွဲအားတစ်ခုခုများ
ရှိနေသလား၊
ဒီလိုဆိုရင် ပန်းသီးကို မြေကြီးပေါ်ကျစေတဲ့ဆွဲအားက
ဘာကြောင့် လကိုလည်း ကမ္ဘာမြေပေါ် မကျစေတာလဲ …"