Podcast နဲ့လည်း နားဆင်နိုင်ပါပြီ
အခုအချိန်အခါမှာ မိတ်ဆွေဆင်းရဲဒုက္ခတွေကြုံနေရလား ဆိုတာကိုတော့ ကျွန်တော်မသိပေမယ့်၊ ကျွန်တော်ခက်ခဲမှုတွေနဲ့ ကြုံတွေ့ရတဲ့အချိန်တွေမှာ၊
ဘေးပတ်ဝန်းကျင်ရှိလူတွေများစွာဟာလည်း ဆင်းရဲဒုက္ခတွေကို ကြုံနေကြရတာကို မြင်ရပါတယ်။
စကားလုံးတွေနဲ့ပြည့်စုံစွာမဖေါ်ပြတတ်ပေမယ့် သူတို့ခံစားကြုံတွေ့နေကြရတာကိုတော့ သိတယ်။ တကယ်လို့ ဘုရားသခင်တည်ရှိနေတယ်ဆိုရင်
သူကဘယ်လိုမျိုးလဲ။
ကျွန်တော်တို့ ခံစားကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခကို သူရဲ့တုန့်ပြန်မှုကဘယ်လိုမျိုးဖြစ်မလဲ။ ခရစ်ယာန်ယုံကြည်ခြင်းမှာတော့ ဆင်းရဲဒုက္ခခံရခြင်းများကိုဘုရားသခင်သိတယ်လို့ ယုံကြည်ကြပါတယ်။
ယေရှုဘုရားကမ္ဘာမြေပေါ်ကို ကြွဆင်းလာခဲ့စဥ်က သူရဲ့နေ့ရက်များကို လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခံခြင်းဖြင့်အဆုံးသတ်ခဲ့သည်။ ရောမစစ်သားများလက်မှာ ရက်စက်စွာဆက်ဆံခံခဲ့တယ်။ သူအမှန်တကယ် လိုအပ်နေတဲ့အချိန်မှာပဲ သူ၏အရင်းနှီးဆုံးသူေတွရဲ့စွန့်ပစ်ခဲ့ခြင်းကိုခံခဲ့ရတယ်။ သမ္မာကျမ်းစာထဲရှိ ဟေရှာယကျမ်း ၅၃း၃ မှာ ယေရှုဘုရားကို '၀မ်းနည်းပူဆွေးသောသဘော၊ဆင်းရဲခြင်းသေဘာနှင့်ကျွမ်းဝင်သောသူ' လို့ ဖော်ပြထားတယ်။
ယနေ့ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခကို ဘုရားသခင်ထံသို့ ယူလားခြင်းဟာကျွန်တော်တို့ အလှမ်းဝေးနေတဲ့၊ ကျွန်တော်တို့ကိုအမှန်တကယ်သိကျွမ်းပြီးဂရုစိုက်သူတစ်ဦးထံ ကျွန်တော်တို့ရောက် သွားတာနဲ့တူပါတယ်။
ဘာလို့လည်းဆိုတော့ အထက်ကျမ်းပိုဒ်မှာဖေါ်ပြထားသလို '၀မ်းနည်းပူဆွေးသောသဘော၊ ဆင်းရဲခြင်းသဘောနှင့် ကျွမ်းဝင်သောသူ' ဖြစ်ခဲ့သလိုအမှန်တကယ်လည်းခံစားခဲ့ပြီးဖြစ်ခြင်းကြောင့်ဖြစ်တယ်။
ကျွန်တော်တို့ ဆင်းရဲဒုက္ခများခံစားရသလိုပဲ၊ ယေရှုဘုရားကလည်း ကျွန်ုပ်တို့အားလုံးအတွက် ပိုလို့ဒုက္ခခံစားပေးခဲ့တယ်။ ယေရှုဘုရားက ကျွန်ုပ်တို့စိတ်ကူးနိုင်သမျှထက်ကိုပိုပြီး ဆင်းရဲဒုက္ခခံစားခဲ့ရပါတယ်။ လက်ဝါးကပ်တိုင်ပေါ်ကနေ ကမ္ဘာပေါ်ရှိမကောင်းမှုအကုသိုလ်အားလုံးကိုတစ်ချိန်တည်းအပြီးသတ်
အောင်နိုင်ရန်နှင့် စင်ကြယ်သန့်ရှင်းသွားဖို့ အားလုံးအတွက် လုပ်ဆောင်ပေးခဲ့တယ်။ ယေရှုဘုရားကကမ္ဘာပေါ်ရှိ မကောင်းမှုအကုသိုလ်များကို သင်္ချိုင်းဂူသို့ ယူဆောင်သွားခဲ့ပြီး၊အသက်တွေတဖန်ပြန်ရှင်လာဖို့လုပ်ဆောင်ပေးခဲ့တယ်။
ကျွန်တော်တို့ကို အသက်ပြန်ပေးဖို့၍သူလုပ်ခဲ့ပြီးပြီမလို့ မကောင်းမှုတွေဟာ ကျွန်တော်တို့ဘ၀တွေကို ပြန်လည်အုပ်စိုးခြင်း မရှိနိုင်တော့ပါ။
ဆင်းရဲဒုက္ခဟာကျွန်တော်တို့၏ဘဝရဲ့နောက်ဆုံးစကားလုံးမဟုတ်ပါ။
ဘုရားသခင်က ကျွန်တော်တို့တတွေကို ဆင်းရဲဒုက္ခများထဲမှာ တစ်ယောက်တည်းဖြတ်သန်းစေဖို့ ခွင့်မပြုထားပါဘူး။ ကျွန်တော်တို့က
ဘုရားသခင်ထံကိုပြန်လှည့်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ မစဉ်းစားဖူးတဲ့ ခွန်အားတွေရှိလာမှာ ဖြစ်ပါတယ်။ကျနော်တို့မဖြစ်နိုင်ပါဘူး၊
မတတ်နိုင်ပါဘူးဆိုတဲ့အရာတွေကို တတ်စွမ်းလာနိုင်မှာဖြစ်တယ်။
ယနေ့အတွက်ကော နောက်အနာဂတ်အတွက်ပါ မျှော်လင့်ချက်လည်း ရှိပါတယ်။
ဒါပေမယ့် လူအချို့က ဘုရားသခင်ကဘာကြောင့်မကောင်းမှု အကုသိုလ်တွေကို တစ်ခါတည်း မဖယ်ရှားပေးတာလည်းဆိုပြီး မေးကြတယ်။
ကောင်းပြီတစ်နေ့ေသာအချိန်မှာကမ္ဘာမြပေါ်ကို ယေရှုဘုရားပြန်ကြွလာပါလိမ့်မယ်။ ယေရှုဘုရားရှင်ပြန်ထမြောက်တဲ့နေ့မှာပဲ မကောင်းမှုတွေဟာရှုံးနိမ့်ခဲ့ပြီးဖြစ်သလို၊ တစ်နေ့ကျရင်လည်း အားလုံးဟာ လုံးဝဖယ်ရှားခံရမှာ ဖြစ်တယ်။
တစ်နေ့ကျရင်တရားမျှတမှုရှိလာမှာဖြစ်တယ်။ တစ်နေ့ကျရင် ဆင်းရဲဒုက္ခတွေအားလုံးအဆုံးသတ်သွားမှာ ဖြစ်တယ်။ တစ်နေ့ကျရင် သေခြင်း၊ငိုကြွေးမြည်တမ်းခြင်း၊နာကျင်ခြင်းရှိတော့မည်မဟုတ်ဘဲဘုရားသခင်ကကျွန်ုပ်တို့ရဲ့မျက်ရည်ရှိသမျှကို သုတ်ပေးမှာဖြစ်တယ်။
ဒါကတော့ ဘုရားသခင်ရဲ့ နူးညံ့ကြင်နာမှုနဲ့ ဒီကမ္ဘာပေါ်ကအမှားများအားလုံးကို ပြန်လည်ပြုပြင်ဖို့သူ့ရဲ့ အစီအစဉ်များနဲ့ ပတ်သက်၍ ထူးခြားသောဖော်ပြချက်ဖြစ်တယ်။ ဒါပေမယ့်အချိန်တော့မရောက်လာသေးပါ။ တနေ့ကျရင်ရောက်ကိုရောက်လာမှာဖြစ်တယ်။
ဘုရားသခင် ကျွန်ေတာ်တို့ကို အမြဲတမ်းအဖြေပေးတာ မဟုတ်ပါ။ ယခုဘဝမှာ တချို့အရာတွေက ဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုကျွန်ုပ်တို့ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ ဒါပေမယ့် ဘုရားသခင်က ကျွန်ုပ်တို့ကိုအမြဲတမ်းကမ်းလှမ်းနေပါတယ်။ သူကကျွန်တော်တို့ကို ချစ်ကြည်ရေး ကမ်းလှမ်းခဲ့သည်။
သူက ကျွန်ုပ်တို့ကိုသူ့ထံလာပြီး စကားပြောဖို့၊ကျွန်တော်တို့ရဲ့ ဆင်းရဲဒုက္ခတွေကို သူ့ထံသို့ရောက်စေလိုတာ ဖြစ်တယ်။မိတ်ေဆွကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခအားလုံးကို ဘုရားသခင်မပါဘဲ ဖြတ်သန်းသွားနိုင်သလို၊ ဒါမှမဟုတ် ဘုရားသခင်နဲ့အတူ ဖြတ်သန်းသွားနိုင်ဖို့ ရွေးချယ်နိုင်ပါတယ်။
မိတ်ဆွေဘာရွေးမယ် စိတ်ကူးပါလဲ။ အားလုံးကိုကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ဆက်လက်သိလိုတာ၊မရှင်းလင်းတာများရှိရင် "ဆက်သွယ်မည်" ကိုနှိပ်ပြီး လာရောက်လည်ပတ်ပြီး မိတ်ဖွဲ့မေးမြန်းလို့ရပါကြောင်းသတင်းကောင်းပါးပါတယ်။
အသက်ရှင်သောဘုရားသခင်၏ကောင်းကြီးမင်္ဂလာများမိတ်ဆွေတို့အပေါ်သက်ရောက်ပါစေ။ အာမင်