ဘုရားသခင်ရဲ့ တိတ်ဆိတ်နေမှု
ယေရှုဘုရားသည် စာဖတ်သူကို သိပါတယ်။
စာဖတ်သူအနားမှာ သူရှိနေပါတယ်။ စာဖတ်သူ ဆုတောင်းတင်ပြလာမှုကိုလည်း ကြားချင်နေပါတယ်။ ဒါကြောင့် မိမိတင်ပြလိုတဲ့အချက်တွေကို တင်ပြဆုတောင်းနိုင်ပါတယ်။
အောက်ပါဆုတောင်းချက်လိုမျိုး ဆုတောင်းနိုင်ပါတယ် - "အသက်ရှင်တော်မူသော ယေရှုဘုရား။ ယေရှုဘုရားက လူသားများကို ဖန်ဆင်းတယ်။ ချစ်တယ်။ မေတ္တာထားတယ် ဆိုတဲ့အကြောင်းကို ကြားသိရပါတယ်။ လူသားတွေကိုလည်း အပယ်ငရဲမှကယ်တင်သလို၊ လောကတွင်ဖြတ်သန်းစဉ် ခံစားရသော ဒုက္ခဆင်းရဲခံရမှုတွေမှ ကူညီမစပေးတော်မူကြောင်းကို သိရှိရပါတယ်။
ယခုတွင်ကြုံတွေခံစားနေရသော ဒုက္ခဆင်းရဲတွေမှ ကူညီလျက် ကယ်တင်ပေးတော်မူပါပါ။ ယေရှုဘုရားအကြောင်းကိုလည်း ပိုလို့သိရှိနိုင်ဖို့ ကူညီပေးတော်မူပါ။ ယုံကြည်စွာဖြင့် ဆုတောင်းလိုက်ပါတယ်။ အာမင်"
ဆက်လက်ပြီး ကျွန်တော်တို့နဲ့ဆက်လက်စကားပြောနိုင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။