Podcast နဲ့လည်း နားဆင်နိုင်ပါပြီ

ဘဝမှာ ဆင်းရဲဒုက္ခတွေ ဘာကြောင့် ဒီလောက်များရတာလဲ။နေ့တိုင်းစစ်ပွဲသတင်းတွေ၊ အနိုင်ကျင့်မှုတွေ၊ အဓမ္မအမှုတွေ၊ ယာဉ်မတော်တဆမှုတွေ၊ သေစေနိုင်သောရောဂါဘယများနှင့် သေကြေပျက်စီးနေသော သတင်းများ နေ့စဉ်လွှမ်းမိုးနေတယ်။ဒီလိုဆင်းရဲဒုက္ခတွေ ဘာကြောင့် ဖြစ်ရတာလည်းဆိုတာကို

ကျွန်တော်တို့ မေးခွန်းထုတ်ခြင်းတွေ ဟာသဘာ၀ကျသောအရာဖြစ်မယ်လို့ ထင်ပါတယ်။


'ဒါတွေဘာကြောင့်ဖြစ်ရတာလဲ'


'ဘုရားသခင်ရှိတယ်ဆိုရင် ဘာဖြစ်လို့ ဒါတွေကို ခွင့်ပြုရတာလဲ'


ဆင်းရဲဒုက္ခနှင့်ဆိုင်တဲ့မေးခွန်းထုတ်ခြင်းတွေဟာ ကျွန်ုပ်တို့အားလုံးမှာ တကယ့် မှန်ကန်သောအချက်တွေရှိ‌ေနလို့ ဖြစ်တယ်။ကျွန်တော်တို့အားလုံးဟာ တစ်နည်းနည်းဖြင့် ဆင်းရဲဒုက္ခခံစားခဲ့ကြရတယ်။ ဖျားနာခြင်း‌ေတွ၊ဘဏ္ဍာရေးဖိစီးမှုတွေ၊စိတ်ဓာတ်ကျခြင်း၊ ဆက်ဆံရေးပြိုကွဲခြင်း ဒါမှမဟုတ်

အိုမင်းနေသောမိဘတစ်ဦးကို ပြုစုစောင့်ရှောက်ခြင်းတို့ ဖြစ်နိုင်တယ်။


ကျွန်‌တော်တို့တွေ ဘယ်လိုသောရုန်းကန်မှုကိုရင်ဆိုင်ရပါစေ ဆင်းရဲဒုက္ခရောက်ခြင်းဟာ အခက်ခဲဆုံးသောအရာ ဖြစ်တယ်။ကျွန်တော်တို့အချို့တွေဟာ

မိမိတို့ခံစားခဲ့ရတဲ့အရာ‌တွေကြောင့် ဘုရားသခင်ကို သံသယပွါးလျက် မေ့လျက် ချန်လှပ်ထားခြင်းမျိုး ဖြစ်နိုင်တယ်။အကယ်၍ ဘုရားသခင်ရှိနေတယ်ဆိုရင်၊

ဒီအရာတွေကို ဖြစ်ခွင့်ပြုမှာမဟုတ်လောက်ပါဘူးဆိုတဲ့ အတွေး၊ မျှော်လင့်ချက်များနှင့်ပေါ့။


ဒီလိုမေးခွန်း‌တွေအတွက် လွယ်ကူတဲ့အဖြေရှိမှာတော့မဟုတ်ပါ။ ဒါပေမယ့် စဉ်းစားစရာက အထက်က အချက်တွေကိုမိတ်‌ဆွေက ”
ဘာကြောင့်လဲ”လို့စဥ်းစားမေးမြန်းဖူးတယ်ဆို‌ရင်မည်သူ့ကိုမေးနေတာလဲဆိုတဲ့အချက်ကမေးစရာရှိလာပါတယ်။ ဘုရားသခင်မရှိဘူးလို့ယုံကြည်ထားတယ်ဆိုရင်အဆုံးစွန်သဘောအရမေးစရမည်သူမှမရှိရဘူးမဟုတ်ပါလား။


တချို့တွေရှိတယ်။ ဒီကမ္ဘာကြီးဟာ မတော်တဆမှုများကြောင့် ဖြစ်လာတာ၊မော်လီကျူးများဟာ၊ရောဂါများကိုဖြစ်ပေါ်စေတဲ့အမှား‌ေတွ ပြုလုပ်ပြီး၊

ဇီဝဗေဒက လူ‌တွေရဲ့အပြုအမူကိုဖြစ်ပေါ်စေခြင်းတို့ကြောင့် ဖြစ်နိုင်တယ်လို့ ယုံကြည်နေကြတဲ့သူတွေပါ။


အထက်ပါရှုထောင့်ယုံကြည်မှုရဲ့ပြဿနာ‌က ကျွန်‌ေတာ်တို့ ရှုပ်ထွေးနေတဲ့ အခြေခံအကြောင်းအရာတွေကို နားလည်ဖို့ ကျွန်တော်တို့ကို တကယ်မကူညီဘူး

ဆိုတာပါပဲ။ ဘာကြောင့်ဆို ကျနော် တို့ဆင်းရဲဒုက္ခခံရတဲ့အခါ အမျက်ဒေါသထွက်ကြတယ်။ ကမ္ဘာကြီးကအထက်ပါအချက်တွေဖြစ်တဲ့မတော်တဆမှုများကြောင့်ဖြစ်ပွားခြင်း၊ မော်လီကျူးများသည် ရောဂါများကိုအမှားဖြစ်ပေါ်စေတာ ဇီဝဗေဒသည် လူတို့ ၏အပြုအမူကိုဖြစ်ပေါ်စေခြင်းဆိုလျှင်ဆင်းရဲဒုက္ခခံရတဲ့အခါအမျက်ဒေါသထွက်ခြင်းဟာဘယ်ကလာရတာလဲ။


ခရစ်ယာန်တို့ယုံကြည်ခြင်းမှာက ဆင်းရဲဒုက္ခကြုံတွေ့ရချိန်မှာ ကျွန်ုပ်တို့တွေခံစားရသော ကြမ်းတမ်းသောသဘောကို ဘာကြောင့်လည်းဆိုတာကိုသိထားကြပါတယ်။ အကြောင်းကတော့ ကမ္ဘာကြီးဟာတခုခုမှားနေတယ်ဆိုတာကိုသိရှိနေခြင်းကြောင့် ဖြစ်တယ်။ ကျွန်ုပ်တို့ နေထိုင်တဲ့ကမ္ဘာကြီးမှာ‌ကောင်းမှုနှင့် မကောင်းမှုရှိနေသလို၊ ၎င်းကောင်းမှု၊မကောင်းမှုဟာလည်း လူသားတိုင်းမှာ နေရာယူထားသည်ကို ယုံကြည်သိမှတ်ကြပါတယ်။


ဘုရားသခင်ဟာ ကောင်းမြတ်ပြီးအသက်ရှင်တဲ့ ဘုရားသခင်ပါ။ ထိုကဲ့သို့ပင် မကောင်းမှုဟာလည်းတကယ်ရှိနေပြီး လောကကြီးကို ယခုစိုးမိုးထားပါတယ်။ ဆင်းရဲဒုက္ခရှိနေခြင်းများဟာ ဘုရားသခင်မတည်ရှိလို့ဖြစ်နေရတာပါဆိုသည့် အချက်ကို ဆွဲယူဖေါ်ပြနေသလိုဖြစ်နေပါတယ်။ ဘုရားသခင်အမှန်တကယ်တည်ရှိနေခြင်းကတော့အမှန်ပဲဖြစ်ပါတယ်။ ဘုရားသခင်တည်ရှိနေခြင်းကသာလျှင် ဆင်းရဲဒုက္ခများကြောင့် ကျွန်တော်တို့ရဲ့နာကျင်ခံပြင်းမှုနှင့် ခံစားနေရတဲ့အခါတွေမှာ အဖြေကို၊ ငြိမ်းချမ်းခြင်းကိုရှာတွေ့နိုင်စေမှာပါ။


'ဘာကြောင့်လဲ' လို့မေးရင် ဘုရားသခင်က အမှန်တကယ်တည်ရှိနေခြင်းကြောင့်ပဲဖြစ်ပါတယ်။


ယခုလိုဝေမျှမှုသည် ကျွန်တော်တို့အားလုံးသိချင်လှသောအချက်အတွက် အဖြေဖြစ်စေမယ်လို့ ယုံကြည်ရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

အသက်ရှင်သောဘုရားသခင်၏ကောင်းကြီးမင်္ဂလာများမိတ်ဆွေတို့အပေါ်သက်ရောက်ပါစေ။ အာမင်


ဝေမျှနိုင်ပြီ