ပြောင်းလဲခြင်းဆိုင်ရာ မေးခွန်းများ
၂၀၁၄ ထဲမှာ Nokia ကုမ္ပဏီကို Microsoft က ဝယ်ယူလိုက်ပြီဖြစ်ကြောင်း Nokia ရဲ့ CEO ဖြစ်သူ Stephen Elop က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Stephen က "ကျွန်တော်တို့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး၊ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ဆုံးရှုံးသွားခဲ့ပါတယ်"လို့ပြောရင်း သူရော သူ့ရဲ့စီမံခန့်ခွဲမှုအဖွဲ့ကလူတွေရော စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျခဲ့ကြပါတယ်။
Nokia နဲ့ Blackberry တို့ ဖုန်းစျေးကွက်ကနေ စွန့်ခွာသွားရခြင်း နဲ့ပတ်သက်ပြီး စာရေးဆရာတစ်ယောက်က ဒီလိုသုံးသပ်ပါတယ်။ Apple က iPhone ကို အိပ်စောင်ကွန်ပြူတာ တစ်ခုလို အလုပ်လုပ်နိုင်တဲ့ Device အဖြစ် မိတ်ဆက်ပြီး စျေးကွက်ထဲဝင်ရောက်လာချိန်မှာ Nokia နဲ့ RIM ဖုန်း ကုမ္ပဏီတွေဟာ ‘ဖုန်း’ဆိုတဲ့ဘောတရားထဲမှာပဲ ရှိနေခဲ့ကြတယ်။ Apple က ဖုန်းတစ်ခုရဲ့ လုပ်ငန်းတွေထက်ပိုတဲ့ Data တွေတွက်ချက်ပြီး Processing လုပ်တာ၊ ဗီဒီယိုကြည့်တာ၊ Game ဆော့တာ၊ Websites တွေကို Browse လုပ်တာ၊ Apps တွေ run တာ၊ Documents တွေဖန်တီးပြုစုတာ၊ 64-bit Desktop-class Architecture တွေကိုပါ ဖုန်းထဲယူ ဆောင်ပေးခဲ့ပြီး အိပ်စောင်ကွန်ပြူတာလေးတစ်ခုလို စွမ်းဆောင်နိုင်အောင် iPhone ကို ဖန်တီးခဲ့တယ်။
Nokia နဲ့ Blackberry တို့ကလည်း အပြောင်းအလဲတွေကို ကြိုးစားလုပ်ခဲ့ပေမယ့်၊ iPhone ရဲ့ ဖုန်းနဲ့ပတ်သက်ပြီး ပြောင်းလဲ လိုက်တဲ့ကစားကွင်းစည်းမျဉ်းသစ်တွေကို လိုက်လို့မမီတော့တဲ့ဆုံးမှာ ကစားကွင်းထဲကနေ ထွက်ခွာ သွားခဲ့ရပါတယ်။
ဒါကတော့ နည်းပညာတိုးတက်ပြောင်းလဲလာမှုနောက်ကွယ်က ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုပါ။
ဒီဆောင်းပါးမှာတော့ နည်းပညာပြောင်းလဲတိုးတက်မှုအကြောင်းထက်၊ ပြောင်းလဲခြင်းဆိုတဲ့အကြောင်းအရာကိုပဲ အဓိကဆွေးနွေးလိုပါ တယ်။ အကြောင်းကတော့ ပြောင်းလဲခြင်းဆိုတာ လူတိုင်းရှောင်လွှဲလို့မရတဲ့အရာတစ်ခု ဖြစ်နေလို့ပါပဲ။
ဒီဆောင်းပါးမှာ ပြောင်းလဲခြင်းဆိုင်ရာမေးခွန်း(၄)ခုကို အဓိကဆွေးနွေးထားပါတယ်။ ဒီမေးခွန်း(၄)ခုကလည်း ပြောင်းလဲခြင်းရဲ့ ပင်မနယ်ပယ်နှစ်ခုဖြစ်တဲ့ ‘ကျွန်တော်တို့ပြောင်းလဲလိုက်တဲ့အရာများ’(Changes we make) နဲ့ ‘ကျွန်တော်တို့ကို ပြောင်းလဲစေတဲ့အရာများ’ (Changes that made us)ဆိုတဲ့နယ်ပယ်နှစ်ခုကို အခြေခံထားပါတယ်။ ပထမနယ်ပယ်က ပြောင်းလဲခြင်းကိစ္စမှာ ကျွန်တော်တို့ဟာ ဖန်တီးသူတွေဖြစ်ပြီး၊ ဒုတိယနယ်ပယ်မှာတော့ ကျွန်တော် တို့ဟာ ပြောင်းလဲခြင်းရဲ့ ဖန်တီးခံတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ပြောင်းလဲခြင်းနဲ့ ဆိုင်တဲ့ အခြားခေါင်းစဉ်တွေကို ဆက်လက် လေ့လာလိုက်ပါ
မေးခွန်း (၁) ပြောင်းလဲဖို့ လိုသလား၊ လွယ်သလား?
ရှင်သန်ရပ်တည်ရေးအတွက်ပြောင်းလဲခြင်းကတော့ အနိမ့်ဆုံးအဆင့်ပြောင်းလဲခြင်းလို့ ဆိုနိုင်ပါတယ်။ အပြောင်း အလဲတစ်ခုကိုအချိန်မီမလုပ်နိုင်ရင်၊ အောင်မြင်အောင်မလုပ်နိုင်ရင် ကျန်းမာရေးကိစ္စပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးနဲ့ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် သေဆုံးသွားနိုင်လို့ပဲ ဖြစ်ပါတယ်။
မေးခွန်း (၂) ကြီးမားတဲ့ လောကဓံအပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်မလဲ ?
‘အသက်တစ်ရာမနေရ၊ အမှုတစ်ရာပွေရ’ဆိုတဲ့ ဆိုရိုးရှိတဲ့အတိုင်း လောကဓံအလှည့်အပြောင်းတွေ၊ ကြီးမားပြီး မျှော်လင့်မထားတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ကြုံရတတ်ပါတယ်။
မေးခွန်း (၃) ကိုယ့်ရဲ့ကံကြမ္မာကို ပြောင်းလဲလို့ ရပါသလား ?
‘ကံကြမ္မာ’ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို “သတ်မှတ်ချက်တစုံတရာကြောင့် ဖြစ်ပျက်ကြုံတွေ့လာရမယ့် အနာဂတ်ဘ၀”လို့ အကြမ်းအားဖြင့် ဖွင့်ဆိုလို့ရမယ်ထင်ပါတယ်။
မေးခွန်း (၄) လူမှုဝန်းကျင်တစ်ခုပြောင်းလဲသွားစေဖို့ ကိုယ်ဘာလုပ်နိုင်မလဲ ?
ဒီသဘောကိုပဲရည်ညွှန်းပြီး စာရေးဆရာကြီး
လီယို တော်စတွိုင်းက လူတိုင်းက လူသားမျိုးနွယ်ကိုပြောင်းလဲဖို့စဉ်းစားကြတယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲ ဖို့တော့ မစဉ်းစားကြဘူး လို့ ဆိုခဲ့တယ်။