ဓမ္မနှင့်အဓမ္မတွင် မည်သည့်ဘက်တွင် သင်ရှိမည်နည်း။
ဆင်းရဲခြင်းလို့ ကြားလိုက်တာနဲ့ လူသားတွေရဲ့အတွေးခံစားမှုတွေမှာ ဝမ်းနည်းခြင်းတွေ ပြည့်သွားတတ်တယ်။ နာကျင်ခြင်းတွေ ဖြစ်သွားတတ်တယ်။ တကယ်တော့ ယေရှုဘုရားက လောကကမ္ဘာကြီးနဲ့ လူသားများကို ဖန်ဆင်းထားရခြင်းဟာ လူသားများအားလုံးအတွက် ကောင်းစေဖို့ပဲ ဖြစ်ပါတယ်။ ထူးခြားတာက လူကို ဖန်ဆင်းတဲ့အခါမယ် လူသားကို စစ်ရုပ်လိုမဖန်ဆင်းပဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ခွင့်ကို အပြည့်အ၀ပေးထားလျက် ဖန်ဆင်းပေးခဲ့ခြင်းပါဘဲ။
သဘောက အဆိုးဘက်ကို လုပ်နိုင်သလို၊ အကောင်းဘက်ကိုလည်း လုပ်နိုင်တယ်။
ယခုကမ္ဘာပေါ်ရှိ ဆင်းရဲဒုက္ခခံရခြင်းတွေမှာ လူသားတွေဟာ သူတို့ရရှိထားတဲ့ လွတ်လပ်စွာလုပ်ဆောင်ခွင့်ကို တလွဲလုပ်ရခြင်းရဲ့ အသီးအပွင့်တွေပါပဲ။ ဆိုလိုချင်တာက ဆင်းရဲဒုက္ခတွေဟာ လူသားတွေလုပ်ဆောင်တဲ့ အချက်တွေပါပဲ။ ဘာလို့ လူသားတွေဟာ ဆင်းရဲဒုက္ခတွေကို ပြုမူလုပ်ဆောင်ကြရတာလဲ။
အဖြေကတော့ လူသားဟာ အပြစ်အကုသိုလ်ကောင် ဖြစ်သွားရခြင်းကြောင့်ပါ။ ဘုရားသခင်တာမြစ်ထားတဲ့ ပညတ်ချက်ကို ကျူးလွန်မိရာကနေ အပြစ်အကုသိုလ်ကောင် ဖြစ်သွားရခြင်းပါ။ ထိုအပြစ်အကုသိုလ်ကောင် ဖြစ်သွားခြင်းနောက်မှာ မကောင်းမှုတွေကို တသီတတန်းကြီး စလုပ်တော့တာပါပဲ။ အခုပြောနေတဲ့ ဆင်းရဲဒုက္ခတွေသည်လည်း လူသားများ၏စနက်များကြောင့် ဖြစ်နေရခြင်းပါ။
ဒီလိုတချက်တော့ ရှိပါတယ်။ လူသားတွေဟာ သိပ်ကိုအပြစ်များလွန်းတဲ့အခါ ဖန်ဆင်းရှင် ဘုရားသခင်မှ ဆုံးမတတ်တဲ့အခြေအနေတွေလည်း ရှိပါတယ်။ သမ္မာကျမ်းစာထဲမှာ နောဧဆိုတဲ့လူသားလက်ထက်မှာ လူတွေက ဘုရားမရှာကြတော့ဘူး။ မကောင်းမှုတွေမှာပဲ ပျော်ရွှင်ကြတော့တယ်။
ဒီအခါမယ် ဖန်ဆင်းရှင်ဘုရားသခင်က ကမ္ဘာကြီးကို ရေနဲ့ဆေးကြောခြင်းတွေ လုပ်ခဲ့တာရှိပါတယ်။ ဒါ့အပြင် ဘုရားသခင်ဆုံးမတတ်တဲ့ အခါတွေလည်းရှိပါတယ်။ ဘာလို့ဘုရားသခင်က ဆုံးမရသလဲဆိုရင် လူသားတွေဟာ သူ့သားသမီးတွေ ဖြစ်နေခြင်းကြောင့်ပါ။ ဒါပေမယ့် ဆိုးရွာစွာ ဖြစ်ပျက်နေသော ဆင်းရဲဒုက္ခမှန်သမျှသည် လူသားများ၏ လုပ်ဆောင်နေမှုတွေသာ ဖြစ်ပါတယ်။
ဒါအတွက် ဘုရားသခင်ဆီမှာ အဖြေမရှိတော့ဘူးလားလို့ မေးစရာရှိပါတယ်။
ဘုရားသခင်က ဘာတွေ၊ ဘယ်လိုလုပ်ဆောင်ပေးလည်းဆိုတာကို ဆက်လက်ကြည့်လိုက်ကြရအောင်။