ဒေါသစိတ်ကို ကျော်လွှားခြင်း
ဒေါသစိတ်ကို ကျော်လွှားဖို့ ဖတ်ရှုခြင်း၊ မှတ်သားခြင်းနဲ့ လုပ်ဆောင်တဲ့အပြင် ဆုတောင်းခြင်းဆိုတဲ့ အပြုအမူတစ်ခုလိုအပ်ပါတယ်။
ဆုတောင်းခြင်းဆိုတာကတော့ ယုံကြည်ရတဲ့ ယေရှုဘုရားဆီ ရင်ဖွင့်စကားပြောခြင်း ဖြစ်ပါတယ်။ မျိုသိပ်ထားတဲ့ ဒေါသတွေကို ဖွင့်ချလိုက်ပြီး အားအင်အသစ်၊ ဉာဏ်အသစ်ကို ပြန်လည် ရယူခြင်း ဖြစ်ပါတယ်။
သင်ဆုတောင်းပြီးရင် တကယ်ကို စိတ်ထဲမှာ ပေါ့ပါးသွားခြင်းကိုလည်း သိသိသာသာ ခံစားရမှာ ဖြစ်ပါတယ်။ ဆုတောင်းတဲ့ အနေအထားကို ပုံအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ဆုတောင်းချက်က ရိုးရှင်းပါတယ်။
ဖော်ပြချက်အတိုင်း လိုက်ရွတ်ကြည့်နိုင်ပါပြီ - ယေရှုဘုရား ကျွန်တော်၊မ ခုလို ဒေါသစိတ်တွေဖြစ်နေတဲ့အချိန်မှာလည်း အတူရှိပေးပါ။ ဒေါသစိတ်ကြောင့် ကျရှုံးမှုတွေထပ်မဖြစ်အောင် ကူညီပေးပါ။ လူတွေနဲ့ ဆက်ဆံရတဲ့ချိန်မှာ လိုအပ်တဲ့ ရှင်းလင်းသော ဉာဏ်ပညာကို ပေးတော်မူပါ။ ယေရှုနာမအားဖြင့် ဆုတောင်းဆက်ကပ်အပ်နှံပါ၏။ အာမင်။
ဆုတောင်းခြင်းကရော သင့်အတွက် စိတ်အေးချမ်းမှုနဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာကို ပေးပြီဆိုတော့ အခြား မိသားစုရေးရာ၊ ငွေရေးကြေးရေးရာ အပြင် အထီးကျန်ခြင်း ခံစားမှုတို့အတွက် ဘယ်လို ဆုတောင်းရမလဲ၊ ဘာတွေ သိထားသင့်သလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ဆက်သွယ်နိုင်ပါပြီ။