ယေရှုဘုရားထံကိုမိမိမှာရှိနေသော နာကျည်းမှုတွေ၊ မခံမရပ်နိုင်ဖြစ်မှုတွေ၊ ဒေါသအမျက်ထွက်မှုတွေကို ပုံအပ်ပြီး ဘုရားသခင်ထံသို့ အောက်ပါအတိုင်း ဆုတောင်းနိုင်ပါတယ်။

"လူသားများကိုဖန်ဆင်းပြီးအသက်ရှင်လျက်၊လူသားများကိုမစကူညီပေးနေတော်မူသောဘုရားသခင်၊ နာကျည်းမှု၊ အမျက်ဒေါသထွက်မှုများနှင့်ဖြတ်သန်းနေရသော ကျွန်တော်၊မ၏ ဘ၀ကိုမစကူညီပေးတော်မူဖို့ရန် ဘုရားသခင်ထံတော်သို့ ဝင်လာပါတယ်။


ဘုရားသခင်ကလူသားတို့ရဲ့ မတတ်နိုင်သောအခြေအနေများကို မစပေးနေတယ်ဆိုတာကိုကြားခဲ့ရသလို၊ယုံကြည်သောကြောင့်ကျွန်တော်၊မရဲ့ အခက်အဲများ၊ အဆင်မပြေမှုများ အမျက်ဒေါသထွက်မှုများကိုလည်းဖြေရှင်းကူညီမစပေးဖို့လာရောက်ဆုတောင်းပုံအပ်တာဖြစ်ပါတယ်။


ကျွန်တော်၊မ၏ နာကျည်းနေမှု၊ အမျက်ဒေါသထွက်နေလျက် ဖြတ်သန်းနေရသော အခြေအနေများကိုကူညီမစဖြေရှင်းပေးတော်မူပါ။


ဘုရားသခင်ဖြေရှင်းပေးနိုင်တာကိုယုံကြည်လျက်ဆုတောင်းလိုက်ပါတယ်။အာမင်"


ဆက်လက်ဆွေးနွေးနိုင်ဖို့ (သို့မဟုတ်) တိုင်ပင်ဖို့ရန် ကျွမ်းကျင်ဆရာ၊မများနဲ့ ဆက်သွယ်လိုပါသလား

ဖုန်းနဲ့အသုံးပြုနေသူများ ဒီမှာ နှိပ်ပါ

ဆက်သွယ်ပါမည်

ကွန်ပြူတာနဲ့ အသုံးပြုနေသူများ ဒီမှာ နှိပ်ပါ

ဆက်သွယ်ပါမည်

ကတိမတည်တဲ့လူတွေကို ဘာကြောင့် မုန်းတီးကြတာလဲ

လူရယ်လို့ဖြစ်လာရင်မျှော်လင့်ချက်မမဲ့ဘူးတဲ့သူရယ်ရှိမယ်မထင်ပါဘူး။အနည်းအများကတော့မျှော်လင့်ချက်မဲ့ဘူးကြမှာပါ။

မျှော်လင့်ချက်မဲ့ရခြင်းမှာလည်းအကြောင်းအမျိုးမျိုးရှိကြမှာပါ။


စာဖတ်သူမိတ်ဆွေကောမျှော်လင့်ချက်မဲ့ဘူးလားနော်။လူတွေမျှော်လင့်ချက်မဲ့လာပြီဆိုရင်ဘာလုပ်တတ်ကြလည်းဆိုတော့သူတို့မျှော်လင့်ချက်ကိုပြန်လည်ရှင်သန်စေမည့်ကိစ္စတခုခု၊လူပုဂ္ဂိုလ်တစ်ဦးဦးကိုချဉ်းကပ်ပြီးဖြေရှင်းတတ်ကြတယ်။ဒီလိုချဉ်းကပ်တဲ့အခါမယ်၊သူတို့ထင်ထားသလိုသူတို့မျှော်လင့်ချက်ကိုပြန်လည်ရှင်သန်စေမည့်အရာများသည်သူတို့၏မျှော်လင့်ချက်ကိုအသက်မရှင်စေဘူးဆိုရင်သူတို့ဘာဖြစ်မယ်ထင်လဲ။


အပြည့်အစုံဖတ်ရှုမည်