ယေရှုဘုရားသည် စာဖတ်သူကို သိပါတယ်။ စာဖတ်သူအနားမှာ သူရှိနေပါတယ်။ စာဖတ်သူ ဆုတောင်းတင်ပြလာမှုကိုလည်း ကြားချင်နေပါတယ်။ ဒါကြောင့် မိမိတင်ပြလိုတဲ့အချက်တွေကို တင်ပြဆုတောင်းနိုင်ပါတယ်။ အောက်ပါဆုတောင်းချက်လိုမျိုး ဆုတောင်းနိုင်ပါတယ်။


"အသက်ရှင်တော်မူသော ယေရှုဘုရား။ ယေရှုဘုရားက လူသားများကို ဖန်ဆင်းတယ်။ ချစ်တယ်။ မေတ္တာထားတယ် ဆိုတဲ့အကြောင်းကို ကြားသိရပါတယ်။



လူသားတွေကိုလည်း အပယ်ငရဲမှကယ်တင်သလို၊ လောကတွင်ဖြတ်သန်းစဉ် ခံစားရသော ဒုက္ခဆင်းရဲခံရမှုတွေမှ ကူညီမစပေးတော်မူကြောင်းကို သိရှိရပါတယ်။


ယခုတွင်ကြုံတွေခံစားနေရသော ဒုက္ခဆင်းရဲတွေမှ ကူညီလျက် ကယ်တင်ပေးတော်မူပါပါ။ ယေရှုဘုရားအကြောင်းကိုလည်း ပိုလို့သိရှိနိုင်ဖို့ ကူညီပေးတော်မူပါ။ ယုံကြည်စွာဖြင့် ဆုတောင်းလိုက်ပါတယ်။ အာမင်"


 ဆက်လက်ပြီး ကျွန်တော်တို့နဲ့ဆက်လက်စကားပြောနိုင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။