ဟုတ်ပါတယ်။ ယေရှုဘုရားဟာ တိတ်ဆိတ်စွာဖြင့် ဆိတ်ငြိမ်လျက် တုန့်ပြန်သော ဘုရားမဟုတ်ပါ။ အကြောင်းမှာ ယေရှုဘုရားသည် အသက်ရှင်ပြီး လူသားများကို ချစ်တော်မူသော ဘုရားသခင်ဖြစ်တော်မူခြင်းကြောင့်ပါ။ ဒီလို မေးခွန်ထုတ်ကောင်းထုတ်နိုင်တယ်။ လူသားတွေ အတိဒုက္ခရောက်နေကြတယ်၊ ငတ်မွတ်ခေါင်းပါးနေကြတယ်။ စစ်မက်ဘေးဒဏ်တွေ ခံစားရပြီ၊ အသက်ရှင်တဲ့ဘုရားဆို မကယ်တော့ဘူးလား စသည်ဖြင့်အမေးမျိုးပေါ့။
ဒါကို သေချာစွာ နားလည်ဖို့လိုပါတယ်။ ယေရှုဘုရားက လူသားတွေကို ချစ်တဲ့ဘုရားပါ။ တိတ်ဆိတ်စရာ၊ လူသားတွေကို ကရုမစိုတ်စရာ ဆိတ်ငြိမ်နေစရာ မရှိပါဘူး။ ဒါပေမယ့် ဒီလိုတော့ ရှိတယ်။ လူသားတွေက ယေရှုဘုရားထံ ဆုတောင်းနေမှုတွေကို ယခုချက်ခြင်းသော်၎င်း၊ ခဏနေသော်၎င်း ဖြစ်ချင်တာမျိုးတော့ မရနိုင်ပါ။ ဒါမျိုးကို ကြည့်ပြီ ဒီယေရှုဘုရားက ဆိတ်ငြိမ်နေပြီး၊ လူသားတွေကို ကရုမစိုတ်တဲ့ ဘုရားပါလို့ သတ်မှတ်လို့မရပါဘူး။
လူသားအရေး၊ ကမ္ဘာ့အရေး၊ နိုင်ငံအရေး၊ တခြားသောအရေးတွေကို လူသားတွေ နားလည်တာထက် အသက်ရှင်တဲ့ ယေရှုဘုရားက ပိုလို့နားလည်ပါတယ်။ နောက်တခုစဉ်းစားရမှာက ဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ လူသားတွေရဲ့ အတ္တ၊လောဘတွေကြောင့် ဖြစ်ပျက်နေရတာတွေပါ။
ဘုရားသခင်က လူသားကို ဖန်ဆင်းခြင်းမှာ စက်ရုပ်ဆန်ဆန် ဖန်ဆင်းခြင်းမဟုတ်ပါ။ လွတ်လွတ်လပ်လပ် ရွေးချယ် လုပ်ဆောင်ခွင့်ကို ပေးလျက် ဖန်ဆင်းခဲ့တာပါ။ ဒါကြောင့် အဆိုးကိုလည်း ရွေးချယ်လုပ်နိုင်သလို၊ အကောင်းကိုလည်း ရွေးချယ်လုပ်နိုင်ပါတယ်။ သူတို့ရွေးချယ်လုပ်ဆောင်မှုရဲ့ အကျိုးရလဒ်အခကိုတော့ ခံယူရမှာပါ။
ဆိုးကျိုးခံစားရရှိနေမှုတွေကို နောင်တရလျက် ယေရှုဘုရားထံကို ချဉ်းကပ်အားကိုးဆုတောင်းပါက ယေရှုဘုရားမှ ပြန်လည်ပြင်ဆင်ပေးလာမှာ ဖြစ်တယ်။ နောက်တခုရှိပါသေးတယ်။ ယေရှုဘုရားကတော့ လူသားတွေကို ချစ်တယ်၊ ကရုစိုတ်တယ်၊ မစကူညီတယ်။ ဒါကို ထိုင်နေပြီး ယေရှုဘုရားက ဘာမှလည်းမကူညီဘူးကွာ ဆိုပြီးလေကန်နေလို့မရပါဘူး။
သူ့ဆီကို သွားရပါမယ်။ သူ့ဆီကိုဆုတောင်းရပါမယ်။ ဒါဆိုရင် ယေရှုဘုရားကို ဆိတ်ငြိမ်စွာနဲ့ ရှိနေသောဘုရားလား၊ လူသားတွေကို ကရုစိုတ်တဲ့ဘုရားလားဆိုတာကို သဲကွဲလာမှာပါ။ ဆက်လက်လေ့လာလိုက်ရအောင်။