ဆုံးဖြတ်ချက်တခုက ကြီးမားသော အပြောင်းအလဲကို ဖြစ်သွားစေနိုင်ပါတယ်။
မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုရင် ဘ၀လမ်းများကို ဖြတ်သန်းမှုတွေမှာ မှန်ကန်စွာ ဖြတ်သန်းနိုင်မှာဖြစ်ပေမယ့်၊ မှားယွင်းစွာ ဆုံးဖြတ်မှုတွေကတော့ ဝမ်းနည်းစရာဖြစ်စေလာမှာပါ။ ယခုလို ခက်ခဲသောအချိန်ကာလတွင် ဆုံးဖြတ်ချက်တစ်ခုကို မှန်ကန်စွာ ချမှတ်နိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။
လူတွေက နေ့စဉ်ဘ၀ဖြတ်သန်းမှုတွေမှာ ဆုံးဖြတ်ချက်ပေါင်းများစွာကို ဆုံးဖြတ်ကြရလျက် ဖြတ်သန်းနေကြတာ ဖြစ်တယ်။ ဒီလိုဆုံးဖြတ်ချက်များစွာကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့က သိပ်ကိုအရေးကြီးပါတယ်။ ဘာလို့အရေးကြီးဆိုရင် ဘ၀နဲ့ဆိုင်ကြလို့လေ။ ခက်ခဲနေသောအချိန်တွေမှာ အားအင်ချိနဲ့သောအချိန်တွေမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ဖို့ သိပ်ကိုခက်ခဲမှာပါ။ ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ လူသားတွေရဲ့ဆုံးဖြတ်ချက်များကို မှန်ကန်သောဆုံးဖြတ်ချက်များ ဖြစ်စေဖို့ ကူညီပေးမယ့် ကြီးမြတ်သော ယေရှုဘုရားရှိနေပါတယ်။
သူအားဖြင့် မှန်ကုန်သော ဆုံးဖြတ်ချက်များကို ချမှတ်ရင်း ဘ၀ခရီးလမ်းတွေကို အားအင်အပြည့်ဖြင့် ဖြတ်သန်းနိုင်မှာဖြစ်တယ်။
ယေရှုဘုရားအကြောင်း ပိုလို့လေ့လာချင်လားနော်။ ပိုလို့လေ့လာလိုပါက ဆက်သွားလိုက်ရအောင်။