ဆုတောင်းခြင်း
ထပ်ပြီးတော့ကြိုဆိုလိုက်ပြန်ပါတယ်။
အသက်ရှင်သော ယေရှုဘုရားက သမ္မာကျမ်းစာမှာ ဒီလိုမိန့်ဆိုထားပါတယ်။ "တစ်ဖန် မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။ ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။ - (ယေရမိအနာဂတ္တိကျမ်း ၂၉:၁၂-၁၃)
"တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။- တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။- သားသည် မုန့်ကိုတောင်းလျှင် မိမိသားအား ကျောက်ကိုပေးမည်သူ၊- ငါးကို တောင်းလျှင် မြွေကိုပေးမည်သူ တစ်စုံတစ်ယောက်မျှ သင်တို့တွင် ရှိသလော။- သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ၍ ပေးတော်မူမည် မဟုတ်လော။- (ရှင်မဿဲခရစ်ဝင် ၇:၇-၁၁)
" တစ်ဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတ္တံ့။ - (ရှင်မဿဲခရစ်ဝင် ၁၈:၁၉)
ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် ယေရှုဘုရားသည် လူသားများ၏ဆုတောင်းချက်များကို နားထောင်လျက်ပြင်ဆင်ပေးမယ်ဆိုတာကို မြင်ရမှာပါ။
ယေရှုဘုရားထံဆုတောင်းခြင်းကြောင့် ဆုတောင်းပြည့်သွားသူများ အဖြစ်မှန်အကြောင်းကို ကြည့်ရှုလိုပါကအောက်ရှိ "သိရှိနားထောင်လိုတယ်" ခလုပ်ကိုနှိပ်ပေးပါ။