စိတ်ဓာတ်ကျခြင်း
Welcomeပါ...ရောက်လာခြင်းကို ကြိုဆိုပါတယ်။
စိတ်ဓါတ်ကျစရာအကြောင်းများစွာရှိပါတယ်။ စိတ်ဓါတ်ကျခြင်းတွေကြောင့် မိသားစုရေးရာတွေ၊ လုပ်ငန်းတွေ၊ လူမှုရေးရာတွေ စသည်ဖြင့်တွေမှာ ချို့ယွင်းကုန်ပါလေရော။
တစ်ချို့ဆို စိတ်ဓါတ်ကျနေရာကနေ ဘ၀ဆုံးပါးသွားတဲ့အထိကိုဖြစ်သွားတဲ့ ဝမ်းနည်းဖွယ်ရာတွေများစွာရှိတာကို မိမိတို့ရဲ့ပတ်ဝန်းကျင်တွေမှာ မိတ်ဆွေလည်းကြားသိပြီးလောက်မှာပါ။ ဒါပေမယ့် မိတ်ဆွေကိုတော့စိတ်ဓါတ်ကျနေရာကနေရုန်းထဖို့၊စိတ်ဓါတ်မြင့်တင်ဖို့ကို မိတ်ဆွေရဲ့ရင်းနှီးသောသူငယ်ချင်းသဖွယ်ပြောပြပါရစေ။
ကျွန်တော်လည်းလူသားဖြစ်တော့စိတ်ဓါတ်ကျတဲ့အချိန်တွေရှိပါတယ်ဗျာ။ အကြောင်းအရာအမျိုးမျိုးကြောင့်ပေါ့။ စိတ်ဓါတ်တွေကျတဲ့အခါမှာ လူတွေကအမျိုးမျိုးသော နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖြေရှင်းတတ်ကြတယ်။ ဒါကသိပ်ကိုကောင်းတဲ့အချက်ပါ။
၎င်းအချက်တွေထဲမှာ လူသားတွေကို ဖန်ဆင်းထားတဲ့ ယေရှုဘုရားအားဖြင့် ဖြေရှင်းတဲ့အချက်က အလုပ်ဆောင်သင့်ဆုံးအချက်ပါ။ ဘာလို့ဆို လူသားတွေကို ယေရှုဘုရားက ဖန်ဆင်းထားပြီး လူသားတွေရဲ့ စိတ်ဓါတ်ကျမှုတွေကိုသိပြီး ကူညီမစပေးသောဘုရား ဖြစ်နေလို့ပါ။ ယေရှုဘုရားက စိတ်ဓါတ်ကနေသူများကို ဘယ်လိုနည်းလမ်းတွေနဲ့ ကူညီပေးနေတယ်ဆိုတာကို ဆက်လက်ကြည့်ကြရအောင်။ ဒီအကြောင်းကို ဆက်လက်သိရှိနိုင်ဖို့
ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ