လက်တွေ့လုပ်ရမည့်နည်းလမ်းကတော့... ဘုရားသခင်ထံကိုမိမိမှာရှိနေသောဝန်ထုတ်ဝန်ပိုးတွေ၊ မျှော်လင့်ချက်ကုန်ခမ်းမှုတွေကို ပုံအပ်ပြီးဆုတောင်းဖို့ပါပဲ။ ဘုရားသခင်ထံဆုတောင်းလိုပါသလားနော်။
ဆုတောင်းလိုပါက အောက်ပါအတိုင်း ဆုတောင်းနိုင်ပါတယ်။
"လူသားများကိုဖန်ဆင်းပြီးအသက်ရှင်လျက်၊လူသားများကိုမစကူညီပေးနေတော်မူသောဘုရားသခင်၊ မငြိမ်းမချမ်းဖြစ်နေသောကျွန်တော်၊မ၏ ဘ၀ကိုမစကူညီပေးတော်မူဖို့ရန် ဘုရားသခင်ထံတော်သို့ ဝင်လာပါတယ်။
ဘုရားသခင်ကလူသားတို့ရဲ့ မငြိမ်းချမ်းသောအခြေအနေများကို မစပေးနေတယ်ဆိုတာကိုကြားခဲ့ရသလို၊ယုံကြည်သောကြောင့်ကျွန်တော်၊မရဲ့ မငြိမ်းချမ်းမှုများ၊ အခက်အခဲများကိုလည်းဖြေရှင်းကူညီမစပေးဖို့လာရောက်ဆုတောင်းပုံအပ်တာဖြစ်ပါတယ်။
ကျွန်တော်၊မ၏ မငြိမ်းချမ်းမှု၊ အခက်အခဲ၊ပြဿနာစိန်ခေါ်မှုများကိုကူညီမစဖြေရှင်းပေးတော်မူပါ။ဘုရားသခင်ဖြေရှင်းပေးနိုင်တာကိုယုံကြည်လျက်ဆုတောင်းလိုက်ပါတယ်။အာမင်"
ဆက်လက်ဆွေးနွေးနိုင်ဖို့ (သို့မဟုတ်) တိုင်ပင်ဖို့ရန် ကျွမ်းကျင်ဆရာ၊မများနဲ့ ဆက်သွယ်လိုပါသလား