ဒီနေရာကိုရောက်လာခြင်းအတွက်ကြိုဆိုပါတယ်။

ကျွန်တော်ကခရစ်ယာန်တစ်ဦးပါ။

ခရစ်ယာန်တို့သည်လည်း လူသားများဖြစ်နေတော့ မငြိမ်းချမ်းခြင်းများခံစားလာရသောအခါများ ရှိလာသောအခါများတွင် မည်ကဲ့သို ဖြေရှင်းတတ်လည်းဆိုတာကို ဖေါ်ပြပေးသွားပါမယ်။

ခရစ်ယာန်တစ်ဦး၏ ယုံကြည်မှုတွင် ကမ္ဘာလောကကြီးနှင့် လူသားများကို ဘုရားသခင်မှ ဖန်ဆင်းထားသည်။ လူသားများအတွက် ငြိမ်းချမ်းသာယာသော လောကကမ္ဘာကြီးကို ဖန်ဆင်းပေးထားတယ်။ လူသားများသည် ဘုရားသခင်ပညတ်ထားသောပညတ်ချက်ကို ချိုးဖေါက်သောကြောင့် ကျိန်ခြင်းအမင်္ဂလာသက်ရောက်လာပြီး မငြိမ်းချမ်းသောနေရာဖြစ်လာတယ်။


ဆိုတော့ ကမ္ဘာပေါ်ရှိ မကောင်းမှု၊ မငြိမ်းချမ်းမှုမှန်သမျှ၏ ဇစ်မြစ်သည် လူသားများ၏မကောင်းမှုများမှ စတင်ခဲ့ခြင်းဖြစ်သည်။


သို့သော် ဖန်ဆင်းရှင်က မေတ္တာမဲ့စွာ ဒီအတိုင်းပဲ ပစ်ထားလေသလားပေါ့။ မဟုတ်ပါ။ လူသားတို့၏ နောင်ဘ၀တွင် အပယ်ငရဲမလားရပဲ ကောင်းကင်ဘုံတွင် စံစားဖို့ရန် ပြင်ဆင်ပေးခဲ့သလို၊ ယခုလူ့ဘ၀တွင်လည်း ကြုံတွေ့ရသော ခက်ခဲမှု၊ စိန်ခေါ်မှုများကို သူ့အားဖြင့် ဖြေရှင်းနိုင်ကြောင်းကို မေတ္တာဖြင့်ဖိတ်ခေါ်ထားသည်။ငြိမ်းချမ်းသောအခြေအနေကို သူ့အားဖြင့်သွားနိုင်ပါတယ်။


ဆိုတော့က ခရစ်ယာန်တစ်ယောက်အနေနဲ့ မငြိမ်းချမ်းမှုတွေကို ရင်ဆိုင်လာရသောအခါများတွင် လူသားများကိုချစ်တော်မူသောဘုရားသခင်သည် ကူညီပေးမည်ဖြစ်သည်ဆိုသည့် စိတ်ထားယုံကြည်မှုရှိကြပါသည်။ မငြိမ်းချမ်းမှုများကြောင့် စိတ်ညစ်ရပေမယ့် ထိုအရာများကို ဘုရားသခင်အားဖြင့် ဖြေရှင်းမယ်ဆိုပြီးယုံကြည်ကြပါတယ်။ အမှန်တကယ်လည်း ဖြေရှင်းသွားနိုင်ကြတယ်။ ဖြေရှင်းနေဆဲလည်းဖြစ်ပါတယ်။



ဒါကိုစာဖတ်သူ စိတ်ဝင်စားတယ်ဆိုရင် ဆက်လက်ကြည့်လိုက်ရအောင်။


လေ့လာမည်