ချိန်းတွေ့ခြင်း
ချစ်ကြသောလူသားနှစ်ဦး တစ်ဦးကိုတစ်ဦး တွေ့ဆုံချင်တော့ ချိန်းတွေ့ဆုံလျက် အချိန်ယူကြတယ်။
တွေ့ဆုံကြချိန်ဝယ် တစ်ဦးကိုတစ်ဦးကရုစိုက်ကြလျက် အချိန်ကုန်ကြတယ်။ တချို့ကျများမှာတော့ ချိန်းတွေ့ဆုံမှုကို အလွဲလုပ်တတ်ကြတယ်။ မကောင်းသောနည်းလမ်းဖြင့် ဖြူစင်သောချစ်ခြင်းကို အရောင်ဆိုးတတ်ကြတယ်။ တချို့အတော်များများမှာတော့ ဖြူစင်စွာနဲ့ပဲ မိမိရင်ထဲက ထွက်ပေါ်လာသော ချစ်ခြင်းမေတ္တာကို ဖေါ်ပြတတ်ကြတယ်။ ရိုးသားစွာနဲ့ပေါ့။
တစ်ဦးနဲ့တစ်ဦး ချစ်မေတ္တာထားကြခြင်းက ကောင်းမွန်တဲ့အချက်ပါ။ ဒါကို တလွဲသုံးပြီး အရောင်မဆိုးဖို့လိုတာပါ။ ချစ်ခြင်းမေတ္တာအားဖြင့် မိမိချစ်ရသူကို ကောင်းစားစေတာ၊ အကျိုးရှိစေတာ၊ ပျော်ရွှင်စေတာ၊ စိတ်ချမ်းသာစေတာ၊ လုံခြုံစေတာ စသည့်အချက်တွေကို ဖြစ်ပေါ်စေဖို့ လိုအပ်ပါတယ်။
ချစ်ခင်ကြသောလူသားနှစ်ဦး ချိန်းတွေ့ဆုံခြင်း၏အဓိကအချက်များမှာတော့ မိမိချစ်ခင်နှစ်သက်မြတ်နိုးရသော တဘက်လူကို ကောင်းခြင်းတွေဖြစ်စေတာပါပဲ။ လူသားတိုင်းကို ချစ်တဲ့ယေရှုခရစ်တော်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိတယ်။ သူဟာလူသားများကို ချစ်သောကြောင့် ကောင်းစားစေချင်သောကြောင့် လုပ်ဆောင်ပေးခဲ့သောအချက်တွေရှိပါတယ်။
သိရှိလိုတယ်ဆိုရင် "ဆက်လက်လေ့လာမည်" ကိုနှိပ်ပေးပါ။