ကျွန်ုပ်တို့အပေါ် ဆက်ဆံတဲ့ ပုံစံတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ချိန်မှာ ခါးသီးမှုဆိုတဲ့ ပြင်းထန်တဲ့ စိတ်ခံစားချက်မျိုးတွေ ပေါ်ပေါက်လာတတ်ပါတယ်။


ရက်စက်ကြမ်းကြုတ်မှုလို့ ပြောရင် စကားနဲ့တင် မဟုတ်ပဲ ယခုလို ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းများကို လုယက်ခြင်း၊ ကိုယ်ခန္ဓာပေါ် ဒဏ်ရာဖြစ်အောင် ရိုက်နှက်ခြင်း နောက်ဆုံး အပြစ်မဲ့ မိသားစုဝင်များကို သတ်ဖြတ်ခြင်း အစရှိတဲ့ အပြုအမူများကို နေ့တိုင်း ကျွန်ုပ်တို့အပေါ် ပြုမူနေရင်တော့ ခွင့်လွှတ်မှု မရှိတော့တဲ့အပြင် အခွင့်အရေးရတာနဲ့ သူတို့အလှည့်ပဲလို့ နေ့တိုင်း ထိုအကြံအစည်များနဲ့ ခါးသီးမှုတွေ ပိုပိုနေပါတော့တယ်။

ဒါပေမယ့် “ခါးသီးမှုဆိုတာ ကိုယ်က အဆိပ်ကို မြိုလိုက်ပြီး အခြားတစ်ဦးကို သေစေချင်တာနဲ့ တူလှပါတယ်” ဆိုတဲ့ ဆိုရိုးစကားရှိပါသေးတယ်။


ခါးသီးမှုစိတ်က ကျွန်ုပ်တို့အတွက် ဒီလောက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုရင် ဘယ်လိုနဲ့များ ကျွန်ုပ်တို့အပေါ် ရက်စက်တဲ့သူတွေကို တုံ့ပြန်နိုင်မလဲဆိုတာကို အဓိက ထားပြီး ဆက်လက် ဖော်ပြထားပါတယ်။ ထပ်ပြီး သင်တစ်ဦးတည်း ကျော်ဖြတ်နေတယ်လို့ ခံစားမှုတွေကိုလည်း ကျွန်ုပ်တို့ အတတ်နိုင်ဆုံး လျှော့ချပေးစေချင်ပါတယ်။ သင့်ရဲ့ စိတ်ဓာတ်ကျနေတဲ့ ခံစားချက်အတွက် ကိုက်ညီတဲ့ အကြံဉာဏ်လေးတွေ ပေးချင်ပါတယ်။

ဆက်လက်လေ့လာမည်

မျှဝေလိုက်ပါ