ခရစ်ယာန်တွေက ဒီလိုပဋိပက္ခတွေဖြစ်ပွားတိုင်း အရင်တုန်းက လုပ်ခဲ့တာသလိုမျိုးကို ကြည့်ရင် ကျွန်တော်တို့မှာ ယေရှုဘုရားရဲ့သွန်သင်ပေးမှုတွေကို နာခံမှုအားနည်းခဲ့လို့ပဲ ဖြစ်တယ်။ ယေရှုဘုရားရဲ့သွန်သင်သော တရားတော်တွေနဲ့အညီ နေထိုင်ရန် ပျက်ကွက်ခြင်း ဖြစ်တယ်။
စစ်မှန်သော ခရစ်ယာန်မျှော်လင့်ချက် ငြိမ်းချမ်းရေးသည် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုများ၊ အသင်းတော်၏ ကျင့်ဝတ်ဆိုင်ရာ လုပ်ဆောင်ချက်များအပေါ်တွင် မူတည်ခြင်း မဟုတ်ဘဲခရစ်တော်၏ အဆုံးစွန်သောငြိမ်းချမ်းရေးတည်ဆောက်ခြင်း အလုပ်၌ဖြစ်တယ်။
ယေရှုဟာ ဘယ်သူဖြစ်လဲဆိုတာကို သေချာစွာသိထားရင် ပဋိပက္ခရဲ့အဆုံးကို ကျွန်တော်တို့မြင်နိုင်ပါတယ်။ ယေရှုဘုရား၏အသက်တော်စွန့်ခြင်း၊ မြှုပ်နှံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတို့ရရှိသော ငြိမ်းချမ်းမှုသည် တစ်နေ့တွင် အပြည့်အ၀ပွင့်လာလိမ့်မည်။ ၎င်းသည် ဤကမ္ဘာမြေတွင် ပွင့်လာမှာဖြစ်တယ်။ တစ်နေ့သူပြန်လာပြီးကျွန်တော်တို့အားလုံး တောင့်တနေတဲ့ ငြိမ်းချမ်းမှုကို ယူလာလိမ့်မှာ ဖြစ်တယ်။
ယေရှုသည် ပဋိပက္ခအားလုံး၏ အဆုံးဖြစ်သည်၊ ကျွန်တော်တို့နဲ့အခြားသူများအကြား၊ ကျွန်တော်တို့နဲ့ဘုရားသခင်အကြားပဋိပက္ခတို့ကို ငြိမ်းချမ်းမှုရှိစေရန်
တစ်ခုတည်းသော နည်းလမ်းသည် ယေရှုဘုရားပင် ဖြစ်တယ်။
မိတ်ဆွေတို့အနေနဲ့ ဆက်လက်သိလိုတာ၊မရှင်းလင်းတာများရှိရင် "ဆက်သွယ်မည်"ကိုနှိပ်ပြီးပြီး မိတ်ဖွဲ့မေးမြန်းလို့ရပါကြောင်း သတင်းကောင်းပါးပါတယ်။
အသက်ရှင်သောဘုရားသခင်၏ကောင်းကြီးမင်္ဂလာများမိတ်ဆွေတို့အပေါ်သက်ရောက်ပါစေ။ အာမင်