Podcast နဲ့လည်း နားဆင်နိုင်ပါပြီ
ကျွန်တော်တို့ ဘယ်နေရာကဖြစ်ဖြစ်၊ ကျွန်တော်တို့ ယဉ်ကျေးမှုတွေက ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့အတွေ့အကြုံက မွေးစကနေ သေဆုံးခြင်းထိကိုပဋိပက္ခတွေနဲ့ ပြည့်နက်နေတယ်။ ကလေးဘ၀မှသည် ရင့်ကျက်သောလူကြီးဘ၀ထိပေါ့။ ပြီးတော့ ဒါကရှေးကနဦးကတည်းက ဖြစ်ခဲ့တာပါ။
ဒါပေမယ့် ပဋိပက္ခသည်ပြင်ပ၌သာ မဟုတ်ပါ၊ ၎င်းက ကျွန်တော်တို့တစ်ဦးစီတွင် အိမ်ပမာတည်ရှိနေတယ်။ ပဋိပက္ခလက္ခဏာ၊ ပဋိပက္ခဆန္ဒများ၊ သဘောထားကွဲလွဲမှုများ၊ ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ ဘ၀မှာ ပဋိပက္ခများကို တွေ့ကြုံခံစားခဲ့ရတယ်။
ဒါဆို ပဋိပက္ခဖြစ်စေတဲ့အရာက ဘာလဲ၊ အဲဒါရဲ့အဖြေ ရှိပါသလား။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ရဲ့ပဋိပက္ခအားလုံး၏ အရင်းအမြစ်သည်
ဘုရားသခင်နှင့်ကျွန်ုပ်တို့ရဲ့ ပဋိပက္ခမှာ အရင်းခံတယ်လို့ ဆိုထားပါတယ်။ ဘုရားသခင်ထက် မိမိကိုယ်ကို ဦးစားပေးလိုတဲ့ ကျွန်တော်တို့ရဲ့ ဆန္ဒဟာ
ကျွန်တော်တို့ကိုယ်တိုင်ကို အခြားမိမိကိုယ်ကို ဦးစားပေးသောအခြားသူများနှင့်တိုက်မိသောအခါ ပြဿနာများကို ဖန်တီးပါတယ်။
ဒါပေမယ့် အံ့သြစရာကောင်းတာက ဘုရားသခင်ရဲ့တုန့်ပြန်မှုက ကျွန်တော်တို့ကို ဆုတ်ခွာဖို့နဲ့ လောင်ကျွမ်းဖို့ခွင့်ပြုတာ မဟုတ်ဘူး။
ပဋိပက္ခကိုဖြေရှင်းဖို့အထူးအကြံအစည်အစီအစဉ်ကို စတင်ခဲ့ပါတယ်။
ဒီအထူးအကြံအစည်အစီအစဉ်ကြောင့်ပဲ ယေရှုဘုရားလောကကြီးပေါ်ကို ရောက်လာခဲ့တာဖြစ်တယ်။
“ငြိမ်းချမ်းရေးမင်းသား”လို့လူသိများတဲ့ယေရှုဟာ ကျွန်တော်တို့နဲ့ဘုရားသခင်ကြားရှိ ပဋိပက္ခများ အဆုံးသတ်ရန် ကြွလာခဲ့တယ်။ ကျွန်တော်တို့ကို ဘုရားသခင်နှင့်ရင်းနှီးမှုပြန်လည်ရရှိစေဖို့နဲ့ မိမိကိုယ်ကိုထက် အခြားသူများကို မည်သို့ဦးစားပေးရမည်ကို သင်ပေးရန် ကြွရောက်လာခဲ့ခြင်း ဖြစ်တယ်။
ယခု ကျွန်တော်တို့စိတ်ရင်းစေတနာကောင်းရှိသော ခရစ်ယာန်များစွာတို့ဟာ ကြောက်စရာကောင်းတဲ့ အရာများကိုပြုလုပ်ခဲ့တာကို အမှန်ဝန်ခံရပါမယ်။
ဆိုလိုတာက ခရူးဆိတ်စစ်ပွဲများ၊ စုံစမ်းစစ်ဆေးမှုများ၊ ကျွန်ကုန်သွယ်မှု၊ ကိုလိုနီနယ်ချဲ့ခြင်းနဲ့ အခြားကြောက်စရာဇာတ်လမ်းများအားလုံးဟာ ခရစ်ယာန်တွေကိုအရှက်ရစေခဲ့တယ်။