ဘ၀ခရီးတွေကို ဖြတ်သန်းတဲ့အခါတွေမှာ ခံနိုင်ရည်ရှိစွာဖြင့် ဖြတ်သန်းနိုင်ဖို့က လိုအပ်တဲ့အရည်အချင်းတစ်ခုပါ။


ယခုလိုအချိန်မှာ သင်ဘယ်လိုဖြတ်သန်းနေပါသလဲ၊ ခက်ခဲစွာနဲ့ဖြတ်သန်းနေလား။

အဆင်ပြေစွာနဲ့ ဖြတ်သန်းနေလား။

လောကဒဏ်ရဲ့ ရိုက်ချက်တွေကိုမမှုဘဲ ခံနိုင်ရည်ရှိနေဆဲလား၊ ဒါမှမဟုတ် ခံနိုင်ရည်ခွန်အားတွေလျော့နေပြီလား။


ခံနိုင်ရည်ခွန်အားက ဘ၀လမ်းခရီးဖြတ်သန်းမှုတွေအတွက် မလုံလောက်တော့ဘူး၊ ကုန်ခမ်းနေပြီဆိုရင် ပြန်လည်အားပြည့်လာစေဖို့ရန်အတွက် အကူအညီရယူသင့်တယ်မလား။


အကူအညီဆိုလို့ တတ်နိုင်သောသူဆီကပဲ ရယူသင့်တာမဟုတ်ပါလား။


လူသားတွေဟာ မိမိမတတ်နိုင်သောကိစ္စရပ်များကို ကြုံတွေ့လာပြီဆိုလျှင် မိမိထက်တတ်စွမ်းနိုင်သူများကို မျှော်ကိုးတတ်ကြတယ်။ ရှာဖွေတတ်ကြပါတယ်။


ယခုစာဖတ်သူကိုရော၊ ကျွန်တော့်ကိုရော၊ လူသားအားလုံးကိုရော ဘ၀ခရီးလမ်းတွေကို ဖြတ်သန်းတဲ့အခါတွေမှာ ခံနိုင်ရည်ခွန်အားတွေ ကုန်ခမ်းနေပြီဆိုလျှင် ကူညီပေးနေတော်မူသော ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးရှိပါတယ်။ သူဆီကနေ အကူအညီရယူနိုင်ပါတယ်။ ခံနိုင်ရည်ခွန်အားတွေကို တောင်းခံနိုင်ပါတယ်။


သူကကျွန်တော်တို့အားလုံးကိုချစ်တယ်။မေတ္တာထားတယ်။ ကူညီပေးဖို့ အစဉ်ရှိနေတဲ့သူပါ။ သူအကုန်တတ်နိုင်ပါတယ်။

သူမတတ်နိုင်တာအမှုကစ္စဆိုတာ မရှိပါဘူး။


ဒီပုဂ္ဂိုလ်အကြောင်းကို လေ့လာဖို့ စိတ်ဝင်စားပါသလားနော်။ စိတ်ဝင်စားပါက အတူတကွ လေ့လာကြည့်လိုက်ရအောင်။


ဆက်လက်လေ့လာမည်

မျှဝေလိုက်ပါ