နာကျင်နေတဲ့ နှလုံးသားလေးအတွက် ဆုတောင်းခြင်း

ကျမ်းစာဖတ်ခြင်း၊ လေ့လာခြင်းတွေ ပြီးသွားရင်လည်း ဆုတောင်းခြင်းကို လုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်။


ကျမ်းစာဖတ်ခြင်းဆိုတာက ကျွန်ုပ်တို့အတွက် ထားရှိတဲ့ ယေရှုဘုရားရဲ့ စေတနာကို လေ့လာခြင်းဖြစ်ပြီး၊ ဆုတောင်းခြင်းဆိုတာကတော့ ယေရှုဘုရားနဲ့ ရင်းနှီးမှု ရယူခြင်း ဖြစ်ပါတယ်။ ယေရှုဘုရားနဲ့ ရင်းနှီးမှုရသွားပြီဆိုရင်တော့ နှလုံးသားအတွက်သာမက အခြားသော မိသားစုပြဿနာ အစရှိတဲ့ အခက်အခဲများစွာကိုလည်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။


ဆုတောင်းချိန်ပြုမူနိုင်တဲ့ ပုံစံတွေကို ပုံနဲ့ ဖော်ပြထားပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဖော်ပြထားတဲ့ ဆုတောင်းချက်အတိုင်း လိုက်ရွတ်ဆိုနိုင်ပါတယ် “ယေရှုဘုရား ကျွန်တော်၊မ၊သမီး၊သား ရဲ့ နှလုံးသားလေးက နာကျင်နေတာကြောင့် ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေပါတယ်။ နှလုံးသားလေးကို ပြန်လည်ပြုပြင်ပေးပြီး၊ အရင်ထက် ပိုမိုခိုင်မာစေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းဆက်ကပ်ပါ၏။အာမင်”


အခြားသော ပြဿနာဆိုင်ရာများကိုလည်း ဆက်လက်ဆွေးနွေးချင်သည်ဖြစ်ပါစေ၊ အကြံဉာဏ်ယူလိုသည် ဖြစ်ပါစေ
ယုံကြည်ရတဲ့ ဆရာ၊မနဲ့ ဆက်သွယ်နိုင်ပါပြီ။