စီးပွားရေး၊ လူမှုရေးအတွက်အပြင် ခေါင်းဆောင်ကောင်းကို ရရှိဖို့ အများနဲ့အတူ တိုက်ပွဲဝင်ရချိန်မှာ ကျွန်ုပ်တို့ရဲ့ ပါဝင်နိုင်စွမ်းရည်မှာ အားနည်းလွန်းတာကြောင့် မိမိကိုယ်ကို ဘဝင်မကျတဲ့စိတ်မျိုးတွေ ဝင်လာတတ်ပါတယ်။
ထပ်ပြီး အပြစ်ရှိသလို ခံစားလာရတာမျိုးတွေလည်း မကြာခဏကြုံဖူးကြမှာပါ။ တချို့ကျတော့ အများနဲ့အတူပါဝင်ဖို့ ခွင့်မပြုတဲ့ မိဘကို ဒေါသထွက်ကြပါတယ်။ တော်တော်များများကတော့ မိမိကိုယ်တိုင် ပါဝင်ဖို့ ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဘယ်လိုအခြေအနေမျိုးကြောင့် ဖြစ်ပါစေ အားမငယ်ပါနဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်မိပါစေနဲ့။
"သင်တစ်ယောက်တည်းသာ စိတ်ဓာတ်ကျနေဖို့လည်း မဟုတ်ပါဘူး။ သင့်မှာရှိတဲ့ အားသာချက်နဲ့ အားနည်းချက်များကို အရင်ဆုံး လေ့လာပြီးရင်တော့
ပါဝင်မှုအတွက် လမ်းစလေးတော့ ပြန်ပေါ်လာမှာ ဖြစ်ပါတယ်။"