The Life of Jesus - အပိုင်း(၃)

ဇာတ်ကား အကျဉ်းချုပ် - ယေရှုဘုရားကိုယ်တိုင်က ယေရှုဘုရားပါ လို့ ပြောနေခဲ့ပေမယ့် လက်ခံတဲ့သူ အလွန်နည်းပါးခဲ့ပါတယ်။


အဓိက အကြောင်းအရင်းကတော့ ယေရှုဘုရားမကြွမှီ ရေးသားခဲ့တဲ့ စာပေနဲ့ ကျမ်းတွေကြာင့် ဖြစ်ပါတယ်။


အဲဒီစာပေနဲ့ ကျမ်းတွေမှာဆိုရင် ယေရှုဘုရားကြွလာမယ်။ သူဟာ ဒါဝိဒ်အနွယ်ဖွားဖြစ်ပြီး ၊ ဒါဝိဒ်နေထိုင်ခဲ့တဲ့မြို့ဖြစ်တဲ့ ဗက်လင်မြို့မှာ မွေးဖွားမဲ့သူ ဖြစ်မယ် လို့ အနီးစပ်ဆုံး ရေးသားထားကြတာမို့ ဖတ်ရှုဖူးသူတိုင်းက ယေရှုဘုရားတကယ်တမ်း ကြွလာချိန်မှာ လက်ခံဖို့ ခဲယဉ်းသွားကြပါတယ်။


ဘာလို့လဲဆိုတော့ ယေရှုဘုရားက ဂါလိလဲပြည်သား ဖြစ်နေတာမို့ သူတို့အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ခဲ့ကြပါဘူး။


ဒါကြောင့်မို့ ဂျူးအာဏာပိုင်တွေ ၊ ဂျူးဘာသာရေးခေါင်းဆောင်တွေ နဲ့ ပြည်သူအများစုဟာ ယေရှုဘုရားရဲ့ အဆုံးအမတွေကိုလည်း လက်မခံတဲ့အပြင်

တန်ခိုးပြတာတွေကိုလည်း ပုတ်ခတ်ခဲ့ကြပါတယ်။


နောက်ဆုံး ယေရှုဘုရားကို ဖမ်းဆီးသတ်ဖြတ်ဖို့အထိ အပြစ်ရှာကြံလာကြပါတယ်။


ဗွီဒီယိုလေးကို ကြည့်ရှုဖို့ Recommend အပြည့်အဝလုပ်ပါတယ်။


..............................................................................................................................................................................................................................


ကျွန်ုပ်တို့ဘဝအတွက် သင်ယူမှတ်သားစရာများ အချက် (၃) ချက် -


၁) ကောင်းကင်ဘုံကနေ ကြွလာခဲ့တဲ့ ယေရှုဘုရား အစစ်အမှန် ကြွလာခဲ့ပြီးပြီ ဆိုတာကို သိရှိရပါတယ်။


၂) သူတခါပြန်ပြီး ကြွလာဦးမယ်ဆိုတာကိုလည်း သိရှိခွင့်ရပါတယ်။


၃) ယခုအချိန်မှာလည်း သူ့ရဲ့ မေတ္တာနဲ့ တန်ခိုးတော်ကို ထပ်ပြီး မြင်ခွင့် ၊ ခံစားခွင့် ရနိုင်ပါတယ်ဆိုတာကိုလည်း လေ့လာရပါတယ်။


ဇာတ်လမ်း အပြည့်အစုံရဲ့ လင့်ခ် 

https://www.youtube.com/watch?v=-k0D_qFPb4o&t=373s

ဝေမျှရန်