The Life of Jesus - အပိုင်း(၂)
ဇာတ်ကား အကျဉ်းချုပ် - ယေရှုဘုရားကို ယုံကြည်တဲ့သူတိုင်း ကယ်လွတ်ခြင်းကို ရမယ်ဆိုတာကို ယေရှုဘုရားကိုယ်တိုင် ဗိမာန်တော်တွေမှာလည်း ဝေမျှခဲ့သလို နေရာတိုင်းလိုလိုမှာ ဝေမျှခဲ့ပါတယ်။
ထပ်ပြီး ယေရှုဘုရားရဲ့ တန်ခိုးတော်တွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့ရပါတယ်။
- သေဆုံးခါနီး ရောဂါစွဲနေတဲ့ လူငယ်လေးကို အသက်ပြန်ရှင်စေတယ်
- ငါး (၂) ကောင်နဲ့ မုန့် (၅) လုံး ကို ပွားများစေပြီး လူပေါင်း (၅၀၀၀) ကျော် ကို ကျွေးမွေးခဲ့တယ်
- ဒါ့အပြင် ပင်လယ်ပြင်ပေါ်မှာ မုန်တိုင်းဒဏ်ခံနေရတဲ့ တပည့်တော်တွေကို ယေရှုဘုရား ရေပေါ်လမ်းလျှောက်ပြီး ကယ်တင်ခဲ့တယ်
အစရှိတဲ့ အံ့သြဖွယ် တန်ခိုးတော်တွေကို ရှင်ယောဟန်ခရစ်ဝန်ကျမ်းမှာ ပါရှိရေးသားထားတဲ့အတိုင်း ဗွီဒီယိုလေးမှာ ပါရှိပါတယ်။
ဗွီဒီယိုလေးကို ကြည့်ရှုဖို့ Recommend အပြည့်အဝလုပ်ပါတယ်။
..............................................................................................................................................................................................................................
ကျွန်ုပ်တို့ဘဝအတွက် သင်ယူမှတ်သားစရာများ အချက် (၃) ချက် -
၁) ယေရှုဘုရားကို လူမျိုးတစ်မျိုး ၊ အဆင့်အတန်းတစ်ခုတည်းသာ ပိုင်ဆိုင်ခွင့်ရှိတာ မဟုတ်ဘဲ လူတိုင်း ပိုင်ဆိုင်ခွင့်ရှိပါတယ်။
၂) ကျွန်ုပ်တို့ အောင်မြင်နေချိန်မှာပဲ လူတွေ ကျွန်ုပ်တို့အနားမှာ ရှိနေတတ်ပြီး၊ ကျရှုံးအားနည်းသွားချိန်မှာတော့ မိသားစုတောင် စွန့်ပစ်ထားတတ်ကြပါတယ်။(၃၈) နှစ်လုံး ရောဂါစွဲနေတဲ့သူကို ဘယ်သူမှ မကူညီခဲ့တဲ့အပြင် စွန့်ပစ်ထားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီဆိုတာကို ဗွီဒီယိုနဲ့ သမ္မာကျမ်းစာမှာ မြင်တွေ့ခဲ့ရပါတယ်။ ယေရှုဘုရားကတော့ တွေ့တာနဲ့ ချက်ချင်း မတုံ့ဆိုင်းဘဲ ရောဂါကိုလည်း ပျောက်ကင်းစေပြီး ကူညီပေးခဲ့ပါတယ်။
၃) ဒီလိုပဲ ကျွန်ုပ်တို့ဘဝမှာလည်း ယေရှုဘုရားဟာ ကျွန်ုပ်တို့ ကျရှုံးသွားချိန် အောင်မြင်ဖို့ ကူညီပေးတယ်၊ အားနည်းသွားချိန် အားပြန်ပြည့်ဖို့ ခွန်အားအသစ်တွေ ပြန်ဖြည့်ဆည်းပေးတယ်။
ဇာတ်လမ်း အပြည့်အစုံရဲ့ လင့်ခ်
https://www.youtube.com/watch?v=-k0D_qFPb4o&t=373s