The Life of Jesus - အပိုင်း(၁)

ဇာတ်ကား အကျဉ်းချုပ် - သမ္မာကျမ်းစာမှာပါရှိတဲ့ အတိုင်း ရိုက်ထားတဲ့ ဗွီဒီယိုလေး ဖြစ်ပါတယ်။


ယေရှုဘုရားအစစ်အမှန်ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့လို့ ယေရှုဘုရားကို ယုံကြည်တဲ့သူတွေ ပိုများလာသလို၊ တဖက်မှာလည်း ယေရှုဘုရားကို သတ်ဖြတ်ဖို့ ကြိုးစားလာကြတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်များလည်း ရှိခဲ့ပါတယ်။


လူသားတွေအပေါ် ထားရှိတဲ့ ယေရှုဘုရားရဲ့ မေတ္တာ၊ ဂရုဏာတွေကိုလည်း မြင်တွေ့နိုင်ပြီး အဆင့်အတန်း အနိမ့်အမြင့် ဖြစ်ပါစေ၊ အပြင်ပန်းသဏ္ဍန်ကို မကြည့်ဘဲ လူတိုင်းကို တန်းတူ ဆက်ဆံခဲ့တယ်ဆိုတာကိုလည်း မြင်တွေ့ရမှာပါ။


ဒီအချက်တွေကို မြင်တဲ့ ပြည်သူတွေက ယေရှုဘုရားကို ဘုရင်အဖြစ် တင်မြောက်လိုလာကြပါတယ်။


ဒါကို ယေရှုဘုရားက မနှစ်သက်ပါဘူး။ ဘာလို့လဲဆိုတော့ ယေရှုဘုရား ကမ္ဘာမြေကြီးကို ကြွလာတာဟာ လူသားအားလုံးအတွက် ကားတိုင်မှာ အသေခံဖို့သာ ဖြစ်တာမို့၊ ဒီအရေးကြီးအချက်ကို နှောင့်ယှက်လာမဲ့ ဘယ်အရာကိုမဆို သူလက်မခံပါဘူး။


ဗွီဒီယိုလေးကို ကြည့်ရှုဖို့ Recommend အပြည့်အဝလုပ်ပါတယ်။


..............................................................................................................................................................................................................................


ကျွန်ုပ်တို့ဘဝအတွက် သင်ယူမှတ်သားစရာများ အချက် (၃) ချက် -


၁) ယေရှုဘုရား ဆိုတာ လွန်ခဲ့တဲ့ အချိန်ကလည်း ရှိခဲ့သလို ယခုအချိန်ထိလည်း ရှိနေတယ်ဆိုတာကို

သက်သေအနေနဲ့ တွေ့ရပါတယ်။


၂) ဘာသာတရားနဲ့ ယေရှုဘုရားရဲ့ ဆန္ဒတွေဟာ ထပ်တူကျမနေပါဘူး။ ဒါကြောင့်မို့ ဘာသာတရားကို သိတာနဲ့ ယေရှုဘုရားကို သိတာဟာ ကွဲပြားနေပါတယ်။ ယေရှုဘုရားကို သိဖို့ လိုအပ်ပါတယ်။


၃) ယေရှုဘုရားကို ယုံကြည်ရင် ယခုဘဝသာမက နောင်ဘဝအတွက်ပါ စိတ်ချရမယ်ဆိုတာကိုလည်း သိရှိရပါတယ်။


ဇာတ်လမ်း အပြည့်အစုံရဲ့ လင့်ခ် 

https://www.youtube.com/watch?v=-k0D_qFPb4o&t=373s


ဝေမျှရန်