Selena Gomez

အမေရိကန် အဆိုတော် ၊ သရုပ်ဆောင်

Selena Gomez နာမည်ကို ကြားလိုက်တာနဲ့ နိုင်ငံတိုင်းက လူငယ်တိုင်းနီးပါးက သိကြပါလိမ့်မယ်။

ငယ်စဉ်ကတည်းက အဆိုလည်းကောင်းသလို သရုပ်ဆောင်လည်း ကောင်းသူ ဖြစ်ပါတယ်။

2008 ခုနှစ်မှာ ကျော်ကြားခဲ့တဲ့ Another Cinderella Story ဇာတ်ကားမှာလည်း အဓိက သရုပ်ဆောင်အနေနဲ့လည်း ပါဝင်ခဲ့ပါတယ်။

အခြားဇာတ်ကားများစွာမှာလည်း သရုပ်ဆောင်ထားပါသေးတယ်။

Who Says ဆိုတဲ့ သီချင်းနဲ့လည်း လူငယ်တွေရဲ့ နှလုံးသားကို ဖမ်းစားထားတုန်း ဖြစ်ပါတယ်။

သူ့ရဲ့ အခြားနာမည်ကြီး သီချင်းတွေလည်း ရှိသေးပါတယ်။

ယေရှုဘုရားနဲ့ဆိုင်ပြီး သူမ ဒီလို ရေးသားဖူးပါတယ် “ယေရှုဘုရား ကိုပဲ အားကိုးထားပါတယ်။ ကျေးဇူးတော်ကိုလည်း ချီးမွမ်းမိပါတယ်။ 
ကျွန်မအဖေ (ယေရှုဘုရား) ထားရှိတဲ့နေရာမှာပဲ ကျွန်မနေပါတယ် ဘာလို့လဲဆိုတော့ သူပို့ဆောင်ပေးတဲ့နေရာဟာ ကျွန်မရှိနေသင့်တဲ့နေရာမို့လို့ပါ

(သူမဆိုလိုတာကတော့ သူ့ကို ယေရှုဘုရား ပို့ဆောင်ပေးတဲ့နေရာဆိုတာ ဘဝအနိမ့်အမြင့် အတက်အကျကို ဆိုလိုခြင်း ဖြစ်ပါတယ်။)


ဝေမျှရန်