Risen
ဇာတ်ကား အကျဉ်းချုပ် - Clavius ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ရောမစစ်သားတွေရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။
သူဟာ မြို့ဝင်မင်း ပုန္တိပိလတ် ရဲ့ ယုံကြည်ရသူလည်း ဖြစ်ပါတယ်။
သူဟာ ယေရှုဘုရားကို ကားတိုင်မှာ အသေသတ်ချိန်မှာလည်း ပါဝင်ခဲ့သလို၊ သုံးရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်သွားတဲ့ ယေရှုဘုရားကို ပြန်လည်ဖမ်းဆီးဖို့ တာဝန်ကို လက်ခံခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ယေရှုဘုရားကို ကိုယ်တိုင်တွေ့ရှိခဲ့တဲ့အချိန်မှာတော့ ဖမ်းဆီးဖို့အစား သက်ဝင်ယုံကြည်သွားပါတယ်။
(မှတ်ချက် - သမ္မာကျမ်းစာမှာ ပါရှိတဲ့ အချက်တွေကို ဗွီဒီယိုထဲမှာ မြင်တွေ့နိုင်ပေမယ့် Clavius ကတော့ သမ္မာကျမ်းစာမှာ မပါရှိပါဘူး။
ဒါပေမယ့် Clavius လို ရောမစစ်သားထဲမှာ ပါရှိနိုင်မှာဖြစ်လို့ ရိုက်ကူးထုတ်လုပ်ခဲ့ကြောင်း ဇာတ်ညွှန်းရေးသူတို့က ဆိုထားပါတယ်။)
ကြည့်ရှုဖို့ Recommend အပြည့်အဝလုပ်ပါတယ်။
..............................................................................................................................................................................................................................
ကျွန်ုပ်တို့ဘဝအတွက် သင်ယူမှတ်သားစရာများ အချက် (၄) ချက် -
၁) ယေရှုဘုရား မတတ်နိုင်တဲ့အရာဆိုတာ ဘာတစ်ခုမှ မရှိဘူးဆိုတဲ့ အချက်က အရေးကြီးဆုံး အချက်ပါ
၂) လူတွေကို သတ်ဖြတ်ဖို့ ဝန်မလေးတဲ့ ရောမစစ်သားတွေရဲ့ ခေါင်းဆောင်တွေကို ပြောင်းလဲနိုင်ပါတယ်
၃) လူတွေရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့ နှစ်ပေါင်းများစွာကြာအောင် နူနာစွဲနေတဲ့သူကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်
၄) ယေရှုဘုရား ကောင်းကင်ဘုံကို ပြန်တက်သွားတယ်ဆိုတာကို မျက်မြင်တွေ့ရှိခဲ့သူတွေလည်း ရှိတာမို့ ယေရှုဘုရားရှိတယ်ဆိုတာကို
အပြည့်အ၀ ယုံကြည်လို့ ရပါတယ်
ဇာတ်လမ်း အပြည့်အစုံရဲ့ လင့်ခ်