အရက်နှင့် တားမြစ်ဆေး (Part 2)
ထပ်ပြီးတော့ကြိုဆိုလိုက်ပြန်ပါတယ်။
မူးယဇ်ဆေးဝါးနှင့်အရက်ကိစ္စသည် ယနေ့ခေတ်ကာလ၏ တကယ့်ပြဿနာဖြစ်သည်။ မိသားစုတိုင်းကို တနည်းမဟုတ်တနည်းနည်းနဲ့ ထိခိုတ်ကျဆုံးစေတယ်။
သမ္မာကျမ်းစာမှာ ဒီလိုဖေါ်ပြထားပါတယ်။
စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ်၏။ ထိုသို့သောအားဖြင့် မှားယွင်းသောသူသည် ပညာမရှိ။ (သုတ္တံကျမ်း ၂၀း၁)
ထိုသူတို့သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။
(ဟေရှာယအနာဂတ္တိကျမ်း ၂၈း၇)
အထက်ပါကျမ်းပိုဒ်များအရ မူးယဇ်ဆေးဝါး၊အရက်သေစာသည် ကောင်းသရောင်ရောင်နဲ့ အဆုံးမှာဆိုရင် လူကိုကျဆုံးစေတာပဲဖြစ်တယ်။ ရုန်းရင်းခတ်စေတယ်၊ အမှားတွေကိုဖြစ်စေတယ်။ ဒီလိုမျိုးနဲ့ ဖြတ်သန်းနေခြင်းဟာ ပညာမဲ့တဲ့လုပ်ရပ်ဖြစ်တယ်။
ဒါကြောင့် မိမိကိုယ် ကျဆုံးစေတဲ့၊ မိမိရဲ့မိသားစုကို ကျဆုံးနာကျင်စေတဲ့၊ အမှားတွေကိုသာဖြစ်စေတဲ့ မူးယဇ်ဆေးဝါး၊အရက်ကျေးကျွန်ဘ၀မှ ရုန်းထွက်ပြီး လူကောင်းအဖြစ်အသက်ရှင်ဖို့လိုတယ်။ မူးယဇ်ဆေးဝါး၊အရက်ကျေးကျွန်ဘ၀ကနေ ယေရှုဘုရားကိုသိရှိလာပြီး ရုန်းထွက်နိုင်ခဲ့သော သူတစ်ဦးအကြောင်းဖြစ်ရပ်မှန်ရှိပါတယ်။
ဆက်လက်လေ့လာမည်ကို နှိပ်ပါ