သောကပူဆွေးမှု (Part 1)
ဒီနေရာသို့ ရောက်လာခြင်းကို ကြိုဆိုပါတယ်။
လူအတော်များများဟာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ စိတ်ပျက်စရာကိစ္စတွေ၊ မနိုင်ဝန်တွေကို ထမ်းလာရသောအခါများ၊ နိုင်ငံရေးရာ၊ မိသားစုရေးရာ၊ စီးပွားရေးရာ၊ လူမှုရေးရာ စသောမိမိမတတ်နိုင်သော အရေးကိစ္စများကို ရင်ဆိုင်ကြုံတွေ့လာသောအခါများမှာ ထွက်ပေါက်ရှာတတ်ကြတယ်။
ထွက်ပေါက်အနေနဲ့ တချို့က အရက်သေစာဖြင့် အဆင်ပြေနိုင်မလားဆိုပြီး သုံးစွဲတယ်။ တချို့ကျ မိမိကိုကူနိုင်မည့်သူကို ရှာဖွေကြတယ်။ တချို့ကျ မိမိကိုယ်ကို လောကကြီးမှ အပြီးထွက်သွားစေတဲ့ နည်းလမ်းတွေကိုသုံးကြတယ်။ ဒီလို သောကပူဆွေးမှုတွေကို အကောင်းဆုံး ဖြေရှင်းနည်းကတော့ ငြိမ်းချမ်းသာယာခြင်းကို ဆောင်ကျဉ်းပေးနိုင်သော ယေရှုဘုရားထံခိုလှုံဆုတောင်းခြင်းပါပဲ။
ယေရှုဘုရားက အသက်ရှင်ပြီး အမှန်တကယ်လည်း လူသားတို့ရဲ့ တင်ပြဆုတောင်းလာသော အပူအပင်များ၊ စိတ်အဆင်မပြေမှုများ၊ ဝမ်းနည်းကြေကွဲနာကျင်ဖွယ်ရာများကို ကူညီထောက်ပံ့ဖြေရှင်းပေးနေသော ဘုရားဖြစ်တော်မူပါတယ်။
သူသည် ထာ၀စဉ်အသက်ရှင်နေတော်မူပြီး လူသားများ၏ သောကပူဆွေးခြင်းများမှ ငြိမ်းချမ်းသာယာခြင်းကို ကူမနေတော်မူပါတယ်။ လူသားတွေ သူ့ကိုဘယ်လိုဆုတောင်းရမလဲ၊ ဆုတောင်းရင်ကောပြည့်မှာလား စသည့်အချက်များကို သိရှိလိုပါက
ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ