နောင်ဘဝ (Part 2)

ထပ်ပြီးတော့ကြိုဆိုလိုက်ပြန်ပါတယ်။

နောင်ဘ၀နဲ့ပတ်သက်ပြီး လေ့လာတာတွေ၊ စဉ်းစားတာတွေ၊ စိတ်ဝင်စားတာတွေက လူသားတိုင်းအမှန်တကယ် လုပ်သင့်တဲ့အချက်ပါ။ သမ္မာကျမ်းစာရဲ့ ဖေါ်ပြချက်အရ နောင်ဘ၀တွင် သွားရမည့်နေရာ (၂)နေရာသာရှိတယ်။ ကောင်းကင်ဘုံနဲ့အပယ်ငရဲပေါ့။


သမ္မာကျမ်းစာမှာ - "အ​ကြောင်း​မူ​ကား၊ ပြစ်​မှား​သော ကောင်း​ကင်​တ​မန်​တို့​ကို ဘု​ရား​သ​ခင်​သည် နှ​မြော​တော်​မ​မူ၊ င​ရဲ​ထဲ​သို့ ချ​လိုက်​ပြီး​မှ စစ်​ကြော​စီ​ရင်​ခြင်း​အ​လို့​ငှာ ချုပ်​ထား၍၊ မှောင်​မိုက်​သံ​ကြိုး​နှင့် ချည်​နှောင်​တော်​မူ၏။- ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် ၂:၄" ကျမ်းစာပိုဒ်ရဲ့ ဆိုလိုချက်က ဘုရားသခင်က ငရဲကိုဖန်ဆင်းတာမှန်တယ်။ သို့သော် မကောင်းတဲ့လမ်းဘက်ကို ရောက်သွားသော ကောင်းကင်တမန်တို့ကို ထားမယ့်နေရာအဖြစ်ဘုရားသခင်ဖန်ဆင်းထားခဲ့တာပါ။ ထိုမကောင်းတဲ့ကောင်းကင်တမန်တို့ရဲ့ ဆွဲဆောင်မှုကို ခံယူလိုက်ပါသွားတဲ့ လူသားများဟာလည်း ငရဲကိုရောက်ရှိသွားမှာ ဖြစ်ပါတယ်။


ဒါပေမယ့် အမှောင်ရှိရင် အလင်းရှိသလို၊ ဒီငရဲကနေလူသားတို့ လွတ်မြောက်နိုင်ဖို့ ဘုရားသခင်ကပဲ ပြင်ဆင်ပေးပါတယ်။ ဘုရားသခင်ရဲ့တစ်ပါးတည်းသော သားတော်ယေရှုခရစ်တော်ဘုရားကို လောကလူသားများအတွက် အသေခံစေလျက်၊ အပြစ်လွတ်စေပါတယ်။


 "ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။- ရှင်​ယော​ဟန်​ခ​ရစ်​ဝင် ၃:၁၆" ဒါကိုသိပြီး ယေရှုခရစ်တော်ဘုရားကို ကယ်တင်ရှင်အဖြစ်ယုံကြည်ရင် အပယ်မလားရတော့ဘဲ၊ ကောင်းကင်ဘုံမှာထာ၀စဉ်နေသွားရမှာ ဖြစ်ပါတယ်။ ယေရှုခရစ်တော်ကို ယုံကြည်သွားလျက် နောင်ဘ၀ကို စိတ်ချသွားသော ဖြစ်ရပ်မှန်အကြောင်းရှိပါတယ်။


ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ

ဆက်လက်လေ့လာမည်