ယေရှုဆိုတာ ဘယ်သူလဲ (Part 2)

သမ္မာကျမ်းစာထဲက ”ယေရှုကဘယ်သူလဲ” ဆိုတဲ့အချက်ကို လေ့လာကြည့်ရအောင်။ ၁.ယေရှုသည်ခပ်သိမ်းသောအရာကိုဖန်ဆင်းသောဘုရားသခင်ဖြစ်သည်။ 'အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင် နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။ ' (က မ္ဘာ ဦး ကျမ်း။ 1:1) အထက်ပါကျမ်းပိုဒ်အရဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူတာကိုသိရှိမှာဖြစ်တယ်။

၂။ အစလည်းဖြစ်တယ်။ အဆုံးလည်းဖြစ်တယ်သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်၏။ အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။- ' (ဗျာဒိတ်ကျမ်း။ 22:13)

အထက်ပါကျမ်းပိုဒ်အရယေရှုသည်အစကနဦးကတည်းကတည်ရှိနေတော်မူသောဘုရားသခင်ဖြစ်သလို၊အဆုံးတွင်လည်းရှိနေတော်မူသောဘုရားသခင်၊သူသည်အစဉ်တည်ရှိသောဘုရားသခင်ဖြစ်နေခြင်းကိုဖေါ်ပြနေခြင်းဖြစ်တယ်။


၃။ ဘုရားသခင်၏သားတော်ဖြစ်သည် 'ခ​မည်း​တော်​သည်​သန့်​ရှင်း​စေ၍၊ ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​သူ​က၊ ငါ​သည်​ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ဟု​ဆို​သော​ကြောင့်၊ သင်​သည် ဘု​ရား​သ​ခင်​ကို လွန်​ကျူး၍​ပြော​သည်​ဟု ထို​သူ​အား​ဆို​ရာ​သ​လော။- ' (ရှင် ယော ဟန် ခ ရစ် ဝင်။ 10:36) အထက်ပါကျမ်းပိုဒ်အရယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်သည်၊တနည်းအားဖြင့်ဘုရားသခင်နှင့်တလုံးတ၀တည်းဖြစ်သည့်ဘုရားသခင်ဆိုတာကိုဖေါ်ပြနေခြင်းပါ။


၄။ လမ်းခရီး၊သမ္မာတရား၊အသက်ဖြစ်သည် 'ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။- ' (ရှင် ယော ဟန် ခ ရစ် ဝင်။ 14:6) အထက်ပါကျမ်းပိုဒ်အရ ယေရှုသည် အပယ်လမ်းကိုပယ်စေလျက်၊ထာ၀စဉ်ရှင်သန်သွားမည့်နေရာသို့ရောက်ရှိနိုင်စေရန်အတွက်သူကသာလမ်းဖြစ်တယ်။သူ့အားဖြင့်သွားမှသာထိုထာ၀ရအသက်ရှင်နေရာသို့ရောက်ရှိမည်။သူသည်မှန်ကန်ဖြောင့်မတ်သောဘုရားသခင်ဖြစ်သည်။ နောက်ပြီး လူတွေလိုနေသောထာ၀ရအသက်ကလည်း သူ့ဆီမှရှိနေပြီး၊ သူကိုယ်၌ကပင်ထာ၀စဉ်အသက်ရှင်သောဘုရားဖြစ်နေခြင်းကိုဖေါ်ပြနေတာပါ။


 ၅။ လူသားများကိုကယ်တင်မည့်ကယ်တင်ရှင်ဖြစ်သည် 'သင်​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယေ​ရှု​အ​မည်​ဖြင့် မှည့်​ရ​မည်။- ထို​သား​သည်​ကား၊ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ အ​မြင့်​ဆုံး​သော ဘု​ရား၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ့​အ​ဘ​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အား​ပေး​တော်​မူ​မည်။- ' (ရှင် လု ကာ ခ ရစ် ဝင်။ 1:31-32)

ယေရှုဘုရား၏လူသားမယ်တော်ကိုယေရှုဘုရားလောကကိုကြွဆင်းမလာခင်ကောင်းကင်တမန်မှယေရှုသည် လူသားများကိုကယ်တင်မည့်ဘုရားဆိုတာကိုဖေါ်ပြနေတာပါ။

'ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​သည် အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​စ​ရာ သ​တင်း​ကို ငါ​သည်​သင်​တို့​အား ကြား​ပြော​ရ၏။- ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။- ' (ရှင် လု ကာ ခ ရစ် ဝင်။ 2:10-11) 'ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။- ' (ရှင် ယော ဟန် ခ ရစ် ဝင်။ 3:16)


အထက်ပါကျမ်းပိုဒ်များအရယေရှုသည်လူသားများ၏အပြစ်အကုသိုလ်များမှအပယ်မလားရစေဖို့ရန်တွက်ကယ်တင်ခဲ့သောကယ်တင်ရှင်ဖြစ်သည်ကိုဖေါ်ပြထားခြင်းဖြစ်ပါသည်။ ယေရှုဘုရားအကြောင်းနှင့်ပတ်သက်ပြီး အခြားသူတို့ယုံကြည်သွားသောဖြစ်ရပ်မှန်အကြောင်းအရာများကိုသိရှိလိုပါကအောက်ရှိ

ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ

ဆက်လက်လေ့လာမည်