စိတ်ဓာတ်ကျခြင်း (Part 2)

ထပ်ပြီးတော့ကြိုဆိုလိုက်ပြန်ပါတယ်။


ဘုရားသခင်က လူသားတွေရဲ့ အမျိုးမျိုးသောကိစ္စတွေကြောင့် အခက်အခဲပြဿနာတွေ၊ အထူးသဖြင့် စိတ်ဓါတ်ကျမှုတွေကို ရင်ဆိုင်ရတဲ့အခါ အထူးကူညီမစတဲ့ဘုရားသခင်ဖြစ်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖေါ်ပြထားပါတယ်။ ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အား ကို ပေးတော်မူ၏။ နွမ်းနယ်သော သူတို့အား၊ အစွမ်းသတ္တိ နှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။ (ဟေရှာယအနာဂတ္တိကျမ်း ၄၀း၂၉)

ယခုကျမ်းစာပိုဒ်မှာဆိုရင် ဘုရားသခင်က လူသားတွေခံစားနေရတဲ့အချက်တွေကို သိတယ်။ ဒါကြောင့်မလို့ ကူမတယ်။ အစွမ်းပေးတယ်။ မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။ (ဟေရှာယအနာဂတ္တိကျမ်း ၄၁း၁၀)


မစိုးရိမ်ပါနဲ့တဲ့။ဘုရားသခင်ရှိပါတယ်။မကြောက်ပါနဲ့၊ဘုရာသခင်မစမယ်စသည်ဖြင့်ကတိပေးထားတာပါ။ဒါကိုကြည့်ခြင်းအားဖြင့်ဘုရားသခင်ဟာစိတ်ဓါတ်ကျနေသူများအား ကူညီမစသောဘုရားသခင်ဖြစ်တယ်ဆိုတာ ဖေါ်ပြနေခြင်းပါ။


 စိတ်ဓါတ်တွေကျနေချိန်ဘုရားသခင်၏ကူမခြင်းကိုခံစားရပြီး အမြင်ပွင့်သွားသော ဖြစ်ရပ်မှန်အကြောင်းအရာများကိုသိရှိလိုပါကအောက်ရှိ
ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ

ဆက်လက်လေ့လာမည်